ဟုမ္မလင်းမြို့တွင် အင်အား ၄.၈ အဆင့်ရှိ ငလျင်လှုပ်ခတ်
DVB
·
September 2, 2018
ဒီနေ့မနက်အစောပိုင်းက ဟုမ္မလင်းမြို့ရဲ့ အရှေ့တောင်ဘက်ကို ဗဟိုပြုပြီး မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့ မြန်မာစံတော်ချိန် ၀၁ နာရီ၊ ၄၉ မိနစ်၊ (၄၆) စက္ကန့် အချိန်မှာ ဟုမ္မလင်းမြို့ရဲ့ အရှေ့တောင်ဘက် ၂၇ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၄.၇၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၃၃ ဒီဂရီ၊ အနက် ၁၄၃ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄.၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။