ချဲလ်ဆီးက ဘုန်းမောက်အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးအသင်းက ဘုန်းမောက်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ ချဲလ်ဆီးအသင်းဟာ ဒီနှစ်ပရီးမီးယားလိဂ် ရာသီအစမှာ ရှုံးပွဲလုံးဝမရှိသေးဘဲ ၄ ပွဲဆက် အနိုင်ရရှိပြီး အမှတ်ပေးဇယားမှာ ဒုတိယနေရာက ဂိုးကွာခြားချက်နဲ့ ရပ်တည်နေပါတယ်။ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ချဲလ်ဆီးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၇၅ ရာခိုင်နှုန်းအထိ အသာစီးယူကစားနိုင်ခဲ့ပေမယ့် ပထမပိုင်းမှာ ဘုန်းမောက်အသင်းက ဂိုးပေါက်ခြိမ်းခြောက်မှုနဲ့အတူ ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ တဖက်နဲ့ တဖက် ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ဒုတိယပိုင်းမှာမှ အနိုင်ဂိုးတွေ သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးနည်းပြ လူစားလဲလှယ်မှု မှန်ကန်အလုပ်ဖြစ်ခဲ့တာ တွေ့ရပါတယ်။ ဒုတိယပိုင်းမှာ ခြေစွမ်းမပြနိုင်တဲ့ မိုရာတာနဲ့ ၀ီလီယံတို့နေရာမှာ ဂျီရူးနဲ့ ပက်ဒရိုတို့ကို ထည့်သွင်းကစားစေခဲ့တာပါ။ ပွဲချိန် ၇၂ မိနစ်မှာ လူစားဝင်ကစားသမားတွေဖြစ်တဲ့ ဂျီရူပေးပို့မှုကတဆင့် ပက်ဒရိုက ဦးဆောင်ဂိုးကို သွင်းယူခဲ့ပါတယ်။ ဒုတိယဂိုးကိုတော့ အလွန်ဆိုရဲ့ ပေးပို့မှုကတဆင့် ဟာဇက်က သွင်းယူပြီး ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားတာပါ။ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာတော့ ချဲလ်ဆီးအသင်းက ၄ ပွဲကစား ၄ ပွဲနိုင် ရမှတ် ၁၂ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး ဘုန်းမောက်အသင်းကတော့ ၄ ပွဲကစား ရမှတ် ၇ မှတ်နဲ့ အဆင့် ၆ မှာ ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up