Home
မြန်မာသတင်း
ယူကရိန်း ကော်ဖီဆိုင်ပေါက်ကွဲမှု ခွဲထွက်ရေးအဖွဲ့ခေါင်းဆောင် သေဆုံး
DVB
·
September 1, 2018
ယူကရိန်းနိုင်ငံအရှေ့ပိုင်း၊ ဒွန်တက်စ်ဒေသအလယ်ပိုင်းက ကော်ဖီဆိုင်တဆိုင်မှာဖြစ်တဲ့ ပေါက်ကွဲမှုအတွင်း ဒေသခွဲထွက်ရေးအဖွဲ့ခေါင်းဆောင် အလက်ဇန္ဒား ဇာခါချန်ကို သေဆုံးခဲ့တယ်လို့  ဒွန်တက်စ်သတင်းအေဂျင်စီက သတင်းထုတ်ပြန်ပါတယ်။ ခွဲထွက်ရေး ခေါင်းဆောင် သေဆုံးတယ်ဆိုတဲ့သတင်းကို အဖွဲ့ရဲ့ တရားဝင်သတင်းမီဒီယာ ဒွန်တက်စ်သတင်းအေဂျင်စီရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ကျောက်မီးသွေးတွင်းဆိုင်ရာ လျှပ်စစ်ပညာရှင်ဖြစ်တဲ့ အသက် ၄၂ နှစ်အရွယ်  ဇာခါချန်ကိုဟာ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလမှာ ဒွန်တက်စ်သမ္မတနိုင်ငံလို့ တဖက်သတ်ကြေညာထားတဲ့ ဒွန်တက်စ်ဒေသ ခေါင်းဆောင်ဖြစ်လာခဲ့သူပါ။ ယူကရိန်းအစိုးရနဲ့ အနောက်နိုင်ငံတွေကတော့ ယူကရိန်းအရှေ့ပိုင်းမှာ ခွဲထွက်ရေး မတည်ငြိမ်မှုတွေကို ရုရှားက လက်နက်အကူအညီတွေပေးပြီး ပြဿနာဖြစ်အောင် ဖန်တီးနေတယ်လို့ အပြစ်တင်ပါတယ်။ ရုရှားဘက်ကတော့ ဒီပြစ်တင်မှုကို ငြင်းဆိုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024