Monday, June 5, 2023
HomeLead Storyအင်ဒိုနှင့်သြစတြေးလျ စီးပွားရေး ပူပေါင်းဆောင်ရွက်ရန် သဘောတူလက်မှတ်ထိုးမည်

အင်ဒိုနှင့်သြစတြေးလျ စီးပွားရေး ပူပေါင်းဆောင်ရွက်ရန် သဘောတူလက်မှတ်ထိုးမည်

အင်ဒိုနီးရှားနဲ့ သြစတြေးလျနိုင်ငံ့ခေါင်းဆောင်တွေဟာ ကားအစ ကျွဲနွားအဆုံး ကုန်သွယ်ရေးနယ်ပယ်တွေမှာ စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့နဲ့ ရင်းနှီးမြှုပ်နှံမှု ၀န်ဆောင်မှုတွေအပေါ် ထိန်းချုပ်မှု လျှော့ချရေးတွေကို သြဂုတ် ၃၁ ရက်မှာ ဆွေးနွေးခဲ့ကြပါတယ်။

အင်ဒိုနီးရှားသမ္မတ ဂျိုကို ၀ီဒိုဒိုနဲ့ သြစတြေးလျဝန်ကြီးချုပ် စကော့ မောရင်ဆင်တို့ ဂျာကာတာမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

တွေ့ဆုံပွဲအပြီးပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာတော့ အင်ဒိုနီးရှား-သြစတြေးလျ ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ညှိနှိုင်းဆွေးနွေးတာတွေ အောင်မြင်ခဲ့ပြီး အခုနှစ်ကုန်ပိုင်းမှာ သဘောတူလက်မှတ်ရေးထိုးမယ်လို့ သြစတြေးလျဝန်ကြီးချုပ် မော်ရစ်ဆင်က ပြောပါတယ်။

သမ္မတ ၀ီဒိုဒိုကတော့ အင်ဒိုနီးရှားနဲ့ သြစတြေးလျနိုင်ငံတို့ဟာ ဆိုက်ဘာလုံခြုံရေး အပါအ၀င် လုံခြုံရေးကဏ္ဍမှာ ပိုမိုပူးပေါင်းမယ်လို့ ပြောထားပါတယ်။

သြစတြေးလျနဲ့ အင်ဒိုနီးရှားတို့ဟာ ကုန်သွယ်ရေးဆွေးနွေးပွဲတွေ ပြုလုပ်နေတာ ဆယ်စုနှစ်တခုနီးပါးအထိ ရှိနေပြီဖြစ်ပြီး နှစ်နိုင်ငံ သံတမန်ရေးတင်းမာမှုတွေကြောင့် ဆွေးနွေး ညှိနှိုင်းတာတွေဟာ ဆိုင်းငံ့နေခဲ့တာဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular