Home
မြန်မာသတင်း
မုတ်သုံလေ အားကောင်းနေပြီး ပြည်နယ်နှင့်တိုင်းအချို့ မိုးကြီးနိုင်
DVB
·
September 1, 2018
ဒီနေ့ မနက် ၇ နာရီ တိုင်းတာချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးအချို့မှာ မိုးကြီးနိုင်တယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့ညနေအထိ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမှာ နေရာကွက်ကျား၊ မန္တလေးနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ပါတယ်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး ရေပြင်/မြေပြင်လေဟာ ၁ နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ ၇ ပေမှ ၁၀ ပေခန့် ရှိနိုင်ပါတယ်။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တို့နဲ့ အနီးတ၀ိုက်မှာ ဒီနေ့ညနေအထိ ခန့်မှန်းချက်အရ မိုးထစ်ချုန်းရွာမယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024