ချီကာဂိုမြို့တွင် ရေသန့်စက်ရုံပေါက်ကွဲ၊ လူ ၈ ဦး ဒဏ်ရာရ

ဓာတ်ပုံ - kitv
အမေရိကန်နိုင်ငံ အီလွီနွိုက်ပြည်နယ် ချီကာဂိုမြို့က ရေသန့်စက်ရုံတရုံမှာ သြဂုတ် ၃၀ ရက်က ပေါက်ကွဲမှုဖြစ်ပြီး အမိုးပြိုကျခဲ့လို့ လူ ၈ ဦး ဒဏ်ရာရတယ်လို့ ဒေသခံမီဒီယာက ဖော်ပြပါတယ်။ ဒဏ်ရာရသူအားလုံးကို အနားက ဆေးရုံဆီ တင်ပို့ထားပြီး သူတို့အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ အစီရင်ခံစာတွေက ဆိုပါတယ်။ ကယ်ဆယ်ရေးသမားတွေက အပျက်အစီးတွေအောက် ရှင်သန်ကျန်ရစ်သူတွေကို ရှာနေပုံကိုလည်း ရုပ်သံက ပြသပါတယ်။ ပြိုကျမှုကြောင့် ဒဏ်ရာရသူတွေရဲ့ အခြေအနေက ဆိုးရွားတယ်လို့ ချီကာဂို မီးသတ်ဌာန အထူးစစ်ဆင်ရေး အကြီးအကဲက ပြောပါတယ်။ အဆောက်အဦကို အပြင်နံရံတွေက အဓိက ထောက်မထားပြီး ကွန်ကရစ် ယက်မတွေက ထိပ်မှာပြေးနေတယ်၊ ဒါကြောင့် အမျိုးသားတွေဟာ ကွန်ကရစ်ယက်မတွေ၊ ဒိုင်းတွေအောက်မှာ ပိတ်မိကုန်တယ်လို့ သူက ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို အတည်မပြုရသေးပါဘူး။

More News
Up