ကုန်သွယ်ရေးဆိုင်ရာ ပံ့ပိုးမှုအင်္ဂါရပ်များ အာဆီယံဝန်ကြီးများ သဘောတူ လက်မှတ်ရေးထိုး
DVB
·
August 31, 2018
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) စီးပွားရေးဝန်ကြီးတွေဟာ ကုန်သွယ်ရေးဆိုင်ရာ ပံ့ပိုးမှု အင်္ဂါရပ်တွေနဲ့ ပတ်သက်ပြီး သဘောတူညီချက် ၂ ရပ်ကို သြဂုတ် ၂၉ ရက်က လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒီသဘောတူညီချက်တွေဟာ အာဆီယံအဖွဲ့တွင်း ဝန်ဆောင်မှု ပေးသူတွေနဲ့ ကုန်စည်တွေကို ပြည်ပတင်ပို့သူတွေအတွက် အကျိုးအမြတ် ရှိစေမယ်လို့ မျှော်လင့်ထားပါတယ်။
စီးပွားရေးဝန်ကြီးတွေဟာ ကမ္ဘာလုံးဆိုင်ရာနဲ့ ဒေသတွင်းဆိုင်ရာ ဖွံ့ဖြိုးမှုအပေါ် အမြင်တွေ ဖလှယ်ကြပါတယ်။
အာဆီယံရဲ့ ပြင်ပ စီးပွားရေးဆိုင်ရာ ဆက်ဆံရေးတွေမှာ တိုးတက်မှုတွေ အပါအဝင် အာဆီယံ စီးပွားရေး လူ့အဖွဲ့အစည်း စီမံချက် ၂၀၂၅ ကို အကောင်အထည်ဖော်ရေး သုံးသပ်ကြပါတယ်။
အကြိမ် ၅၀ မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ် ဆွေးနွေးပွဲတွေကို သြဂုတ် ၂၉ ရက် မနက်က စပြီး စင်ကာပူနိုင်ငံမှာ တရားဝင် စတင်ခဲ့တာပါ။
ဖွင့်ပွဲကို စင်ကာပူဝန်ကြီးချုပ် လီရှင်လွန်းလည်း တက်ရောက်ပြီး စက်တင်ဘာ ၁ ရက်နေ့မှာ အစည်းအဝေးပြီးဆုံးမှာ ဖြစ်ပါတယ်။