Home
မြန်မာသတင်း
စက်တင်ဘာတွင် မုန်တိုင်း ၂ ကြိမ်ဖြစ်နိုင်ဟု မိုးဇလ ခန့်မှန်း
DVB
·
August 31, 2018
စက်တင်ဘာ ပထမ ၁၀ ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း ၂ ကြိမ်ဖြစ်နိုင်တယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ  လေဖိအားနည်းရပ်ဝန်း ၃ ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ၂ ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တာလို့ သတင်းမှာ ဖော်ပြပါတယ်။ ဒါ့အပြင် အနောက်တောင်မုတ်သုန်လေဟာ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံထဲကနေ ဆုတ်ခွာသွားမှာဖြစ်ပြီး စက်တင်ဘာ ၁၆ - ၂၁ ရက်အတွင်း မြန်မာ နိုင်ငံမြောက်ပိုင်း‌ဒေသ၊ စက်တင်ဘာလ ၂၂ - ၂၇ ရက်အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်း၊ စက်တင်ဘာလ ၂၈ ရက်ကနေ အောက်တိုဘာလ ၃ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသတွေကနေ အသီးသီး  ဆုတ်ခွာသွားဖွယ်ရာရှိတယ်လို့ မိုးဇလက ခန့်မှန်းထုတ်ပြန်ထားပါတယ်။ လတ်တလောရေကြီးနေတဲ့ ပဲခူး၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ စက်တင်ဘာလအတွင်း ၂၅ ရက်လောက် မိုးရွာနိုင်သေးတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။ မိုးအခြေအနေကတော့ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် တောင်ပိုင်း)၊ ကယားပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ  ရွာသွန်းမြဲ ထက်ပိုမယ်။ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ ရွာသွန်းမြဲအောက် မိုးထစ်ချုန်းရွာနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024