Live
Home
အနုပညာ
အိုင်ရင်းဇင်မာမြင့်၏ တကိုယ်တော်တေးအယ်လ်ဘမ်သစ် MAR ထွက်ရှိ (Audio)
DVB
·
August 31, 2018
“ပြောတိုင်းလည်း ခေါင်းလိုက်မညိတ်တတ်တဲ့ ငါ့အကျင့်ဟာမိုက်သည်… ၀မ်း နည်းတိုင်း ရူးပေါပေါမလုပ်တဲ့… ငါ့စိတ်ငါလေးစားပါသည်… အဆွေးဝတ္ထု အချစ်ဝတ္ထုတို့ထက် သရဲကား ပိုကြိုက်သည်… အနူးအညံ့တော့ နည်းနည်းမှမခိုက်… မိန်းမ မဆန်တော့ပြီ” ဒါကတော့ အသစ်ထွက်ရှိလာတဲ့ တေးသံရှင် အိုင်ရင်းဇင်မာမြင့်ရဲ့ တကိုယ်တော် တေးအယ်လ်ဘမ်သစ်ရဲ့ ခေါင်းစီးသီချင်း MAR ထဲက စာသားတွေ ဖြစ်ပါတယ်။ ဒီတေးအယ်လ်ဘမ်ထဲမှာတော့ Name, ဒဏ်ရာလွန်အမုန်း၊ ဦးဆုံးအချစ်၊ ချစ်သူ ဆွဲအား၊ ဝဋ်ကြွေး၊ ရင်ဘတ်ထဲက လူနှစ်ယောက်၊ အရိပ်တစ်ခုလို၊ MAR, Crush is my fri, Hate, ချစ်တယ်ပြောတဲ့ ကစားနည်း, ငါမရှိတော့ရင်၊ နောက်ဆုံးအချစ်စတဲ့ သီချင်းစု စုပေါင်း ၁၃ ပုဒ်ပါဝင်ပြီး သူ့ရဲ့ တတိယမြောက်ထွက်ရှိလာတဲ့ တေးအယ်လ်ဘမ် ဖြစ်ပါတယ်။ “နည်းနည်းလေးမှ စိတ်မပါရင်… ဘာမှခိုင်းလို့ မရသူပါ… အမိန့်​နဲ့​ပေးခိုင်းတဲ့ အလုပ်ဆို အမုန်းကြီးမုန်းလည်း မလုပ်နိုင်ပါ… ကလေးဘ၀ ကတည်းက စမက်ခဲ့ဖူးတဲ့ ငါ့ရဲ့ အိပ်မက်များ… လက်တွေ့ဘ၀ထဲလည်း… အခုတော့ကြိုးစားပမ်းစားလုပ်နေ… ငါ့ရဲ့ဘ၀ ငါဖြတ်သန်းချိန်မှာ… အရေးမကြီးတဲ့ အရာတွေကို မေ့ထားတယ်… အချစ်နဲ့ ဘ၀ကို ရင်ဘတ်မှာ သပ်သပ်တကန့်​စီ ဖယ်​ထားတယ်​ ဟင်း...  ခေါင်းလည်းမာ အသည်းလည်းမာလို့… အားလုံးကျောက်သားကြီးတွေလို… ခေါင်းလည်းမာ အသည်းလည်းမာလို့… အားလုံးကျောက် သားကြီးတွေလိုမျိုး… မာ မာ မာ” အိုင်ရင်းဇင်မာမြင့်ဟာ သီချင်း ချိုချိုအေးအေးတွေရော၊ ခပ်မြူးမြူးသီချင်းတွေနဲ့ပါ ပရိသတ်ကို ဖမ်းစားထားနိုင်တဲ့ တေးသံရှင်တဦးဖြစ်ပြီး The Best Of Melody World 2008 သီချင်းဆိုပြိုင်ပွဲမှတဆင့် ဂီတလောကထဲကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ “နေမင်းကြီးပဲအားလုံးကို ငါအလင်းပေးမယ်… ငါပဲ… လောကကြီးထဲ အသန်မာဆုံးပေါ့ကွယ်… မာ မာ မာ… မာ မာ မာ” လတ်တလော ထွက်ရှိလာတဲ့ MAR တေးအယ်လ်ဘမ်ထဲက သီချင်းတွေကိုတော့ တေးရေး ရွှေဂျော်ဂျော်၊ စောခူဆဲလ်၊ ဇွိုင်းယ်၊ D ယံ၊ Leo Bo Bo, အောင်မြင့်မြတ်တို့က ရေးစပ်ပေးထားကြတာပါ။  ဒီသီချင်းအယ်လ်ဘမ်ထဲက သီချင်းတွေကို အင်တာနက်ပေါ်မှတဆင့် နားဆင်ချင်တယ် ဆိုရင်တော့ JOOX Music Streaming Service အင်တာနက်စာမျက်နှာ သို့မဟုတ် အပလီကေးရှင်းမှတဆင့် နားဆင်နိုင်မှာ ဖြစ်ပါတယ်။ http://www.joox.com/mm/en/ http://www.joox.com/mm/en/single/U1HCCmBOKcUFyyV3Xpa8Hw==

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024