ဘန်လေကို အနိုင်ကစားပြီး ဝေဖန်သူများကို တိတ်အောင်လုပ်ရန် ရိုင်ယန်ဂစ် ပြော

မန်ယူအသင်းအနေနဲ့ ဘန်လေနဲ့ပွဲမှာ အနိုင်ကစားပြီး ဝေဖန်တဲ့သူတွေကို တိတ်ဆိတ်သွားအောင်လုပ်ဖို့ ကစားသမားဟောင်း ရိုင်ယန်ဂစ်က တိုက်တွန်းပြောကြားလိုက်ပါတယ်။ မန်ယူအသင်းဟာ လက်ရှိအချိန်မှာ ရလဒ် ဆိုးရွားနေတာကြောင့် နည်းပြ မော်ရင်ဟိုရဲ့ အနာဂတ်ဟာလည်း မရေမရာ ဖြစ်လာပါတယ်။ ဒီအခြေအနေဟာ ခက်ခဲတဲ့ကာလ ဖြစ်ပေမယ့် မန်ယူအသင်းဟာ ဒီလိုအခြေအနေမျိုးကို ကျော်ဖြတ်နိုင်ခဲ့တဲ့အသင်း ဖြစ်တယ်လို့ ရိုင်ယန်ဂစ်က ပြောပါတယ်။ လက်ရှိအချိန်မှာ လူမူကွက်ရက် စာမျက်နှာတွေမှာ ဝေဖန်မှုတွေ မြင့်တက်နေပေမယ့် ကစားသမားတွေအတွက်တော့ လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံး လုပ်ဆောင်ပြီး ကွင်းထဲမှာ သက်သေပြကြဖို့ ရိုင်ယန်ဂစ်က တိုက်တွန်းခဲ့ပါတယ်။ အသက် ၄၄ နှစ်ရှိ ဂစ်ဟာ လက်ရှိအချိန်မှာ ဝေးလ်လက်ရွေးစင်နည်းပြအဖြစ် ကိုင်တွယ်နေပါတယ်။ မန်ယူအသင်းဟာ ဘန်လေနဲ့ ကစားအပြီးမှာ ဝတ်ဖို့ဒ်၊ ဝုဗ် စတဲ့ အသင်းငယ်တွေနဲ့ ဆက်ပြီး ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up