Sunday, June 11, 2023
HomeLead Storyအိန္ဒိယတွင် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီး

အိန္ဒိယတွင် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီး

အိန္ဒိယအာဏာပိုင်တွေဟာ ထင်ရှားတဲ့ အိန္ဒိယ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကို မော်ဝါဒီသူပုန်တွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ မသင်္ကာမှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။

အိန္ဒိယနိုင်ငံတဝှမ်းက လူသိများတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကို မော်သူပုန်တွေနဲ့ ဆက်နွှယ်မှု သံသယဝင်ပြီး ဖမ်းဆီးမှုတွေကြောင့် ဝန်ကြီးချုပ် မိုဒီအစိုးရဟာ ဝေဖန်သူတွေကို ခြိမ်းခြောက်နေတယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက အိန္ဒိယနိုင်ငံအနောက်ပိုင်း လူထုစုဝေးပွဲမှာ ဒီလူ ၅ ဦး ပြောခဲ့တဲ့ မိန့်ခွန်းတွေဟာ အကြမ်းဖက်မှု မြင့်တက်စေခဲ့တယ်လို့ ရဲတပ်ဖွဲ့က စွပ်စွဲပါတယ်။

“ဒါ ရက်စက်တဲ့ ဖမ်းဆီးမှုပါ။ အိန္ဒိယတဝှမ်းက ဒီလူ ၅ ဦးကို ရက်ရက်စက်စက် ဖမ်းဆီးတာ ရှုတ်ချပါတယ်။ ဝန်ကြီးချုပ် မိုဒီ ကျဆုံးပါစေ” လို့ ဆန္ဒပြသူတဦးက ကြွေးကြော်သွားပါတယ်။

အခုလို ဖမ်းဆီးမှုတွေဟာ ဝန်ကြီးချုပ်မိုဒီအနေနဲ့ ၂၀၁၈ ရွေးကောက်ပွဲတွေမှာ သူနဲ့ ပြိုင်ဘက်တွေ မပေါ်လာအောင်လုပ်တဲ့ လုပ်ရပ်ဆိုပြီး အရပ်ဘက်လူ့အခွင့်ရေးအဖွဲ့ ၂၀ ကျော်၊ ရှေ့နေအဖွဲ့တွေနဲ့ ကုန်သွယ်သမဂ္ဂတွေက ပြောဆိုနေကြပါတယ်။

ပြိုင်ဘက်အတိုက်အခံ ကွန်ဂရက်စ်ပါတီခေါင်းဆောင် ရာဟူးဂန္ဒီကတော့ တက်ကြွလှုပ်ရှားသူတွေနဲ့ ပတ်သက်ပြီး အစိုးရဘက်က သည်းခံနိုင်မှုနည်းတယ် ဆိုတာနဲ့ လက်ဝဲယိမ်းအုပ်စုတွေကိုသာ အားပေးတယ်ဆိုတာ ပြနေတယ်လို့ ဝေဖန်ပါတယ်။

“ဒီမိုကရေစီနဲ့ အရပ်ဘက် အခွင့်အရေးတွေကို  လျော့ကျအောင် မတိုက်ခိုက်ပါနဲ့။ ဒါမျိုးကို  နိုင်ငံ့ပြည်တွင်းရေး အလေးထားရမယ့်အချိန် ရောက်ပြီလို့ ဝန်ကြီးချုပ် အင်ဒီယာဂန္ဒီက ၁၉၇၅ မှာ ပြောခဲ့တယ်။ ဒါကြောင့် ပြည်တွင်းအရေးပေါ်ဆိုပြီး ခေါင်းဆောင်တွေအားလုံး အဖမ်းခံခဲ့ရတယ်။ အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုရှိတယ်လို့ ပြောရင် ဒါ နိုင်ငံရေးရည်ရွယ်ချက်ပဲ။ အခုအစိုးရကလည်း ဒီလိုပဲလုပ်နေတာ။ ဒါကို ကျနော်တို့ ရှုတ်ချတယ်” လို့ အိန္ဒိယကွန်မြူနစ်ပါတီ အကြီးတန်းခေါင်းဆောင် စီသာရမ် ရေချူရီက ပြောပါတယ်။

လက်ယာယိမ်း အမျိုးသားရေးဝါဒီအဖွဲ့တွေနဲ့ လွတ်လပ်စွာပြောဆိုခွင့် လှုပ်ရှားသူတွေကြား လချီ တင်းမာမှုတွေဟာ ကောလိပ်ကျောင်းတွေနဲ့ လမ်းတွေပေါ်အထိ ပြန့်လာချိန်မှာ အခုလို ဖမ်းဆီးတာတွေ ပေါ်လာတာ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular