နည်းပညာကုမ္ပဏီများကို ထရမ့် ဝေဖန်တိုက်ခိုက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဖေ့စ်ဘွတ်ခ်၊ တွစ်တာနဲ့ ဂူဂဲလ်တို့ အပါအဝင် နည်းပညာကုမ္ပဏီတွေကို ထပ်မံဝေဖန် တိုက်ခိုက်လိုက်ပါတယ်။ နည်းပညာကုမ္ပဏီကြီးတွေဟာ မမျှမတ ဆက်ဆံနေတယ်လို့ သမ္မတထရမ့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန် ပြောလိုက်တာပါ။ “ဂူဂဲလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ဟာ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်တွေနဲ့ ရီပတ်ဘလစ်ကန်တွေကို မျှမျှတတ မဆက်ဆံဘူးလို့ ထင်တယ်။ ဒါ ကိုယ်တွေ့မို့လို့ ကျနော်ပြောနိုင်တာ။ ဒီဆက်သွယ်ရေး နယ်ပယ်တွေမှာ ကျနော့်ကိုထောက်ခံသူ သန်း ၁၀၀ ကျော် ၁၂၅ သန်းကျော်ရှိတယ်။ ဒါက တကယ့်ပြဿနာလို့ ကျနော်ထင်တယ်။ သူတို့က ဒီနိုင်ငံရဲ့ နေရာတော်တော်များများမှာ အသံတိတ်အောင်လုပ်ဖို့ ကြိုးစားနေတယ်။ လူတွေကလည်း သူတို့အသံ ကြားစေချင်ကြတယ်။ ဒါ မှားနေတယ်။ မမျှတဘူး။ ဥပဒေနဲ့ ညီချင်မှညီမယ်။ ကျနော်တို့ မျှတမှုလိုချင်တယ်။ "ကျနော်တို့ ဘာဖြစ်ချင်လဲဆိုတာ ခင်ဗျားတို့ သိချင်မှာပဲ။ မျှတမှုရှိတဲ့အခါ လူတိုင်း ပျော်ကြပါတယ်။ ကိုယ်ပြောတဲ့ လူပေါ်လည်း မူတည်တယ်။ ကျနော်က သမ္မတလေ။ ကျနော်ပြောတာ ခင်ဗျားတို့ နားလည်မှာပါ။ လူတွေအများကြီးအတွက် ကျေနာ် ပြောနေတာ။ ကျေန်ာတို့ မျှတမှုကို လိုချင်တယ်။ ဒါအရေးကြီးတယ်။ ကျေးဇူးတင်ပါတယ်” လို့ သမ္မတ ထရမ့်က ပြောသွားတာပါ။ သမ္မတထရမ့်ဟာ ဂူဂဲလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာ လူမှုကွန်ရက်တွေကို အလုပ်ကောင်းကောင်း ဆက်လုပ်ဖို့ အစောပိုင်းမှာ သတိပေးခဲ့ပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up