Home
မြန်မာသတင်း
OPPO F9 ကို မြန်မာပြည်ဈေးကွက်တွင် မိတ်ဆက်
DVB
·
August 30, 2018
VOOC အမြန်အားသွင်းစနစ်နဲ့ အရောင်ပြေးမှန်သားပုံစံဒီဇိုင်း ပါဝင်လာတဲ့ OPPO F9 စမတ်ဖုန်းသစ်တမျိုးကို မြန်မာပြည်ဈေးကွက်မှာ ဒီကနေ့ တရားဝင်မိတ်ဆက်လိုက်ပါတယ်။ OPPO အနေနဲ့ သူတို့ရဲ့ F series ထုတ်ကုန်တွေဖြစ်တဲ့ နောက်ဆုံးထွက် OPPO F9 ကိုမိတ်ဆက်ပေးခဲ့ဖြစ်ပြီး ထူးခြားချက်ကတော့ ၅ မိနစ် အားသွင်းရုံနဲ့ ၂ နာရီကြာ ဖုန်းပြောနိုင်မယ့် VOOC (ဗူးခ်) အမြန်အားသွင်းစနစ်နဲ့ မိုဘိုင်းလောကမှာ ပထမဆုံး အရောင်ပြေးကာလာဒီဇိုင်းတွေ ပါဝင်ပါတယ်။ OPPO F9 မှာဆိုရင် Sunrise Red နဲ့ Twilight Blue အရောင်နှစ်မျိုးကို ရွေးချယ် အသုံးပြုနိုင်မှာဖြစ်ပြီး စက်တင်ဘာ ၈ ရက်နေ့မှာတော့ မြန်မာပြည်လုံးက OPPO အရောင်းဆိုင်တွေမျာ ရောင်းချပေးသွားမှာပါ။ OPPO F9 ကို သြဂုတ် ၃၁ ရက်ကနေ စက်တင်ဘာ ၆ ရက်နေ့အတွင်း Pre-order အနေနဲ့ ကြိုတင်မှာယူနိုင်ပြီး စက်တင်ဘာလ ၈ ရက်နေ့မှာ လာရောက်ထုတ်ယူ မယ်ဆိုရင် OPPO အမှတ်တံဆိပ်ပါ ကျောပိုးအိတ်ကို လက်ဆောင်အဖြစ်ရရှိမှာ ဖြစ်ပါတယ်။ သတင်း - ဗညား
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024