၇၅ ကြိမ်မြောက် ဗင်းနစ်ရုပ်ရှင်ပွဲတော် ဖွင့်လှစ်

၇၅ ကြိမ်မြောက် ဗင်းနစ်ရုပ်ရှင်ပွဲတော်ကို အီတလီနိုင်ငံ၊ ဗင်းနစ်မြို့မှာ သြဂုတ် ၂၉ ရက်နေ့က ဖွင့်လှစ်လိုက်ပါတယ်။ ပွဲတော်ကို လကမ္ဘာပေါ် ပထမဆုံးခြေချခဲ့တဲ့ အမေရိကန် အာကာသယာဉ်မှူးအကြောင်း ရိုက်ကူးထားတဲ့ First Man ရုပ်ရှင်ကားနဲ့ စဖွင့်ခဲ့ပါတယ်။ ဒီပွဲတော်ကို First Man ကားရဲ့ ရုပ်ရှင်သရုပ်ဆောင် ရိုင်ယန် ဂိုးစလင်း အပါအဝင် ရုပ်ရှင်ပွဲတော် ဂျူရီအဖွဲ့ဝင်တွေဖြစ်တဲ့ ခရစ္စတိုဖာဝက်ဇ်၊ နာအိုမီဝပ်၊ တိုင်ခါဝေတီတီတို့လည်း တက်ရောက်ခဲ့ကြပါတယ်။ ဒါ့ပြင် ပွဲတော်အဖွင့်နေ့မှာပဲ ချီးမြှင့်တဲ့ တသက်တာအောင်မြင်မှုဆုကို ဗြိတိန်ရုပ်ရှင်မင်းသမီးကြီး ဗနက်ဆာ ရက်ဂရေ့ဗ်က ရရှိခဲ့ပါတယ်။ နှစ်ပေါင်းခြောက်ဆယ် အနုပညာသက်တမ်းအတွင်း တွေ့ကြုံခဲ့ရတဲ့ ဖန်တီးမှုကောင်းတဲ့ လူတွေအားလုံးကို ကျေးဇူးတင်ကြောင်း မင်းသမီးကြီးက ဆုလက်ခံရယူချိန်မှာ ပြောကြားခဲ့ပါတယ်။ ရက်ဂရေ့ဗ်ဟာ ၁၉၉၄ ခုနှစ် ဗင်းနစ်ရုပ်ရှင်ပွဲတော်တုန်းကလည်း Little Odessa ဇာတ်ကားနဲ့ ဆုရရှိခဲ့ဖူးသူပါ။ ဗင်းနစ်ရုပ်ရှင်ပွဲတော်ကို သြဂုတ် ၉ ရက်ကနေ စက်တင်ဘာ ၈ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up