သြဂုတ် ၃၀ ရက်နေ့ ငွေလဲနှုန်းနှင့် ရွှေဈေး
DVB
·
August 30, 2018
သြဂုတ် ၃၀ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၅၁၅ ကျပ်၊ ၁ ယူရိုငွေကို ၁၇၇ ၄ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၁၁၁၀ ဒသမ ၂ ကျပ်၊ ဂျပန် ယန်း ၁ဝဝ ကို ၁၃၅၆ ဒသမ ၃ ကျပ်၊ တရုတ် ၁ ယွမ်ကို ၂၂၂ ဒသမ ၁၀ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၆၈ ဒသမ ၈၄ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၄၆ ဒသမ ၃၄ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။
(ကိုးကား – မြန်မာနိုင်ငံတော်ဗဟိုဘဏ်)
ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး တကျပ်သားကို ဝယ်ဈေး ၉၇၅၂ဝဝ ကျပ်ဖြစ်ပြီး ရောင်းဈေးကတော့ ၉၇၅၄ဝဝ ကျပ် ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁၂၀၄ ဒသမ ၅၀ ဒေါ်လာ ဈေးပေါက်ပါတယ်။