မန်ယူသို့ ပြန်လည်ပြောင်းရွှေ့မည့်သတင်း ပီကေး ငြင်းဆန်

ဓာတ်ပုံ - Getty
မန်ချက်စတာယူနိုက်တက်အသင်းကို ပြန်လည်ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး နောက်ခံလူ ဂျရတ်ပီကေးက ငြင်းဆန်သွားပါတယ်။ အင်္ဂလန်ကို ပြန်သွားမလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး မဖြစ်နိုင်တော့ဘဲ ဘာစီလိုနာအသင်းမှာ ပျော်ရွှင်နေပြီဖြစ်တယ်လို့ ပီကေးက ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ မိမိရဲ့အိမ်လို ဖြစ်နေပြီး မိသားစုတွေနဲ့ သူငယ်ချင်းတွေလည်း ဒီမှာရှိတာကြောင့် ဒီအသင်းမှာ အမြဲတမ်းကစားဖို့က မိမိရဲ့အိပ်မက်ဖြစ်ပြီး ဆုဖလားတွေ ထပ်ပြီး ရယူချင်သေးတယ်လို့ ပီကေးက ပြောကြားခဲ့ပါတယ်။ ပီကေးဟာ ၂၀၀၄ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ မန်ယူအသင်းမှာ ၂၃ ပွဲပဲ ကစားခွင့်ရခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ အသင်းဟောင်း ဘာစီလိုနာအသင်းဆီ ပြန်လည်ပြောင်းရွှေ့ခဲ့တာပါ။ ပရီးမီးယားလိဂ်မှာ မြန်နှုန်းမြင့် ကစားဟန်ရှိတဲ့ ဂျာဂန်ကလော့ပ်ရဲ့ လီဗာပူးအသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ ခြေစွမ်းကိုလည်း ပီကေးက ချီးကျူးခဲ့ပြီး စိတ်လှုပ်ရှားစရာပြိုင်ဆိုင်မှု ဖြစ်လာနိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up