ပီရူး-ဘိုလီးဗီးယားနယ်စပ် မူးယစ်ဆေး နှိမ်နင်းမှုအတွင်း ကိုကင်းကီလို ၃၃၀ ဖမ်းမိ

ပီရူးနဲ့ ဘိုလီးဗီးယား အာဏာပိုင်တွေရဲ့ တလနီးပါးကြာ ပြုလုပ်တဲ့ မူးယစ်နှိမ်နင်းမှုအတွင်း ကိုကင်းကီလို ၃၃၀ နဲ့ လူ ၂၆ ဦးကို ဖမ်းဆီးခဲ့တယ်လို့ နှစ်နိုင်ငံ အာဏာပိုင်တွေက သြဂုတ် ၂၈ ရက်မှာ ပြောပါတယ်။ အီဟွာနာကို ၂၀၁၈ လို့ နာမည်ပေးထားတဲ့ ဒီမူးယစ်ဆေးနှိမ်နင်းမှုကို နှစ်နိုင်ငံနယ်စပ်တလျှောက်မှာ သြဂုတ် ၁ ရက်ကနေ ၂၅ ရက်အထိ လုပ်ခဲ့တာပါ။ ရာဇဝတ်ဂိုဏ်း ၂ ခုကို ပစ်မှတ်ထားတဲ့ နှိမ်နင်းရေး ၉၂ ကြိမ် ပြုလုပ်ခဲ့ပြီး လက်နက် ၃ ခု၊ ကိုကာရွက် ၄၇၁ ကီလိုနဲ့ ယာဉ် ၅ စီး ဖမ်းမိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ မသင်္ကာမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေဟာ ဘိုလီးဗီးယား၊ ပီရူး၊ အီကွေဒေါနဲ့ ဘရာဇီးနိုင်ငံတွေကဖြစ်ပြီး မူးယစ်ဆေးမှောင်ခိုကူးမှု၊ လက်နက်ပိုင်ဆိုင်မှုတွေနဲ့ တရားရင်ဆိုင်နေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up