သမ္မတ ဦးဝင်းမြင့် နီပေါနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်
DVB
·
August 28, 2018
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ ကျင်းပတဲ့ စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ဖို့နဲ့ တရားဝင် ချစ်ကြည်ရေးခရီးသွားဖို့ ဒီကနေ့ မွန်းလွဲပိုင်းမှာ နေပြည်တော်မှ အထူးလေယာဉ်နဲ့ ထွက်ခွာသွားပါတယ်။
နီပေါသမ္မတ မစ္စစ်ဘီဒီယာ ဒေဗီ ဘန်ဒါရီရဲ့ ဖိတ်ကြားချက်အရ သွားရောက်တာ ဖြစ်ပြီး ဇနီး ဒေါ်ချိုချိုနဲ့အတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံး ဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က အဆင့်မြင့်အရာရှိကြီးတွေ လိုက်ပါသွားကြတယ်လို့ သမ္မတရုံးက သတင်းထုတ်ပါတယ်။
ဓာတ်ပုံ-သမ္မတရုံး