တရုတ်နှင့် ဗီယက်နမ် ရဲတပ်ဖွဲ့ဝင်များ ပူးတွဲလေ့ကျင့်

အရေးပေါ်ကိစ္စရပ်တွေ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း တိုးမြှင့်ရေးအတွက် တရုတ်နဲ့ ဗီယက်နမ် နှစ်နိုင်ငံက ရဲတပ်ဖွဲ့ဝင်တွေဟာ နယ်စပ်နားမှာ ပူးတွဲ လေ့ကျင့်နေပါတယ်။ နယ်စပ်မှာကျူးလွန်တဲ့ ရာဇဝတ်သားတွေကို နှိမ်နင်းဖို့ ပုံစံထုတ် လေ့ကျင့်တာပါ။ လေ့ကျင့်မှုအတွင်း တရုတ်နဲ့ ဗီယက်နမ် အစိုးရတွေဟာ နယ်စပ်မှာ ကွပ်ကဲရေးဌာနတွေ ပြင်ဆင်ထားပြီး ပူးတွဲကွပ်ကဲနိုင်ဖို့ သတင်းအချက်အလက်တွေကို မျှဝေသုံးစွဲပါတယ်။ နီးနီးကပ်ကပ် ညှိနှိုင်းဆောင်ရွက်အပြီးမှာ ကင်းလှည့်နဲ့ မီးရထား ရဲအရာရှိတွေဟာ ဝိုင်ယာလက်စ် ဆက်သွယ်ရေးပစ္စည်းတွေနဲ့ ဒရုန်းယာဉ်တွေကို သုံးပြီး သံသယရှိသူကို ဖမ်းနိုင်ခဲ့ပါတယ်။ သံသယရှိသူ ဘယ်သူဘယ်ဝါဆိုတာ စစ်ဆေးအပြီး ဗီယက်နမ်ကို ပြန်ပို့ပုံကိုပါ လေ့ကျင့်ခဲ့တာပါ။ ဒီပူးတွဲလေ့ကျင့်မှုဟာ ညှိနှိုင်းဆောင်ရွက်မှု၊ ပူးတွဲကွပ်ကဲမှု၊ အရေးပေါ်အခြေအနေကို ကိုင်တွယ်နိုင်မှု စွမ်းရည်တွေကို စစ်ဆေးဖို့ တရုတ်နဲ့ ဗီယက်နမ်တို့အတွက် စမ်းသပ်မှုလည်း ဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up