Home
မြန်မာသတင်း
အဆို​တော်​ ရသ အပါအဝင် ၃ ဦးကို ဒုတိယအကြိမ်​ ရမန်​ယူ
Aung Aung Naing
·
August 28, 2018
မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ အဆို​တော်​ ရသ(ခ)ရဲမင်းသိန်း အပါအဝင် ၃ ဦးကို သြဂုတ် ၂၈ ရက်က  ချမ်းမြသာစည်​မြို့နယ်​တရားရုံးမှာ ချုပ်​မိန့်​ရမန်​ ဒုတိယအကြိမ်​ ရယူခဲ့ပါတယ်​။ အဆို​တော် ​ရသက “ကျ​နော့်​အ​နေနဲ့ ဘာမှ​ ပြောစရာမရှိဘူး ကံတရား​ပေါ့ဗျာ။ ကျ​နော်​ ချစ်​တဲ့ ပရိသတ်​ကို​တော့ ကျ​နော်​​ ပြောချင်​တာ​တွေကို​တော့ သီချင်းနဲ့ပဲ ​ပြောပြ​တော့မယ်​။ ကျ​နော်​က သီချင်း​တွေ ဆက်​ဆိုဦးမှာပါ”လို့​ ပြောပါတယ်​။ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက် အောင်စေတနာလမ်း ၄၉ လမ်းနဲ့ လမ်း ၅၀ လမ်းကြားရှိ နန်းထိုက်ပန် ဧည့်ရိပ်မွန်ကို သတင်းအရ ဝင်ရောက် ရှာဖွေခဲ့ရာက ရဲမင်းသိန်း (ခ) ရသ၊ မျိုးတင့်နဲ့ ခေမီ(ခ) ဗာတားမီးတို့ ၃ ဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၁၆၅၅ ပြားနဲ့ အတူ ဖမ်းဆီးရမိခဲ့တာပါ။ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ကျောက်မဲမြို့နေ ကိုသားကြီး ဆိုသူထံမှ အပြား ၂၀၀ ပါ တထုပ်ကို ၈ သောင်းကျပ်နဲ့ ပြန်လည်ဖြန့်ဖြူးရောင်းချဖို့နဲ့ သုံးစွဲဖို့အတွက် ဝယ်ယူခဲ့တဲ့ ဆေးပြားတွေဖြစ်ကြောင်း စစ်ဆေးပေါ်​ပေါက်​ခဲ့ပါတယ်​။ ရဲမင်းသိန်း(ခ) အဆိုတော် ရသ ပါ (၃) ဦးကို ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများ တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ-၁၉ (က)/၂၁ နဲ့ အမှုဖွင့် အ​ရေးယူထားပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024