မကြာခင်ကြည့်ရှုရတော့မည့် ဟောလိဝုဒ် အချစ်ဒရာမာရုပ်ရှင် – Destination Wedding (နမူနာ)

Destination Wedding လို့ အမည်ရတဲ့ ဟောလိဝုဒ်ရုပ်ရှင်ကားဟာ ဟာသ၊ ဒရာမ၊ အချစ် အမျိုးအစား ရုပ်ရှင်ကြိုက်ပရိသတ်တွေ နှစ်သက်ကြမယ့် ဇာတ်ကားတကားဖြစ်ပြီး အမေရိကန်ဒါရိုက်တာ ဗစ်တာ လီဗင် (Victor Levin) က သူကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ကိုယ်တိုင်ပုံဖော် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဖရန့်ခ် (Frank) နဲ့ လင်းဒ်ဆေး (Lindsay) တို့ဟာ တခါမှ မတွေ့ဆုံဘူးကြတဲ့ သူစိမ်းအမျိုးသား၊ အမျိုးသမီး ၂ ယောက်ပါ။ တနေ့တော့ သူတို့ဟာ Destination Wedding တခုမှာ ဆုံတွေ့ခဲ့ကြတယ်။ အဲဒီအချိန်မှာပဲ သူတို့ ၂ ယောက်ဟာ အခြေခံသဘောထား၊ ကြိုက်နှစ်သက်မှုတွေ တိုက်တိုက်ဆိုင်ဆိုင် သွားတူနေကြတာကို တွေ့ရတယ်။ သူတို့ ၂ ယောက်စလုံး သတို့သား၊ သတို့သမီး၊ မင်္ဂလာဧည့်ခံပွဲတွေ စတာတွေကို မုန်းကြတယ်။ ယုတ်စွအဆုံး သူတို့ကိုယ်သူတို့တောင် မနှစ်သက်ကြဘဲ အပေါ်ယံ ဟန်ဆောင်မှုတွေကို မုန်းကြတယ်။ ဒီ ၂ ယောက်ရဲ့ တွေ့ဆုံပတ်သက်မှုမှာ ဘာတွေဖြစ်လာမလဲ။ သူတို့ ၂ ယောက် ချစ်ကြိုက်သွားကြချိန်မှာရော ရေရှည်တည်မြဲပါ့မလား ဆိုတာတွေကို ရှုစားကြရမှာပါ။ ဒီရုပ်ရှင်ကားထဲက အဓိကဇာတ်ကောင်တွေဖြစ်ကြတဲ့ ဖရန့်ခ်နဲ့ လင်းဒ်ဆေး နေရာမှာတော့ နာမည်ကြီး ကနေဒါ သရုပ်ဆောင်မင်းသား ကီးနူးရိဗ်စ် (Keanu Reeves) နဲ့ အမေရိကန်မင်းသမီး ဝင်နိုနာ ရိုင်ဒါ (Winona Ryder) တို့က ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 6.9 အထိ ရရှိထားတာ ဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ လိင်ပိုင်းဆိုင်ရာ ပြကွင်းပြကွက်တွေ၊ သရုပ်ဆောင်မှုတွေနဲ့ ပြောစကား ဒိုင်ယာလော့ဂ်တွေ ပါဝင်နေတာမို့ ဒီရုပ်ရှင်ကားကိုတော့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၈၅ မိနစ်သာရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် သြဂုတ် ၃၁ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up