ဗြိတိန်တွင် လူပေါင်းရာချီပါဝင်သည့် ဘရက်ဇစ်ဆန့်ကျင်ရေး လူထုစည်းဝေးပွဲ ကျင်းပ

ဓာတ်ပုံ - Reuters
ဗြိတိန်နိုင်ငံ နယူးကာဆယ်မြို့မှာ သြဂုတ် ၂၅ ရက်နေ့က ဘရက်ဇစ် (Brexit) ဆန့်ကျင်ရေး လူထုစည်းဝေးပွဲ ကျင်းပခဲ့ပြီး လူပေါင်းရာချီ ပါဝင်ခဲ့ကြပါတယ်။ အဲဒီ လူထုစည်းဝေးပွဲမှာ ဗြိတိန်နဲ့ အီးယူတို့အကြား နောက်ဆုံး သဘောတူညီချက် ညှိနှိုင်းတာနဲ့ ပတ်သက်ပြီး လူထုဆန္ဒခံယူပွဲ ကျင်းပပေးဖို့ ထောက်ခံခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က အင်္ဂလန်အရှေ့မြောက်ပိုင်း နေထိုင်သူ အများစုဟာ ဥရောပသမဂ္ဂကနေ ထွက်ခွာဖို့ ထောက်ခံခဲ့ပါတယ်။ သြဂုတ် ၂၅ ရက်နေ့ကတော့ ရာနဲ့ချီတဲ့ နယူးကာဆယ် မြို့သူမြို့သားတွေဟာ ဘရက်ဇစ် သဘောတူညီချက်နဲ့ ပတ်သက်ပြီး အနည်းဆုံး လူထုဆန္ဒခံယူပွဲ လုပ်ပေးစေလိုတယ်ဆိုပြီး ပြောခဲ့ကြပါတယ်။ ဒုတိယအကြိမ် လူထုဆန္ဒခံယူပွဲ အယူအဆဟာ လာမယ့်လတွေအတွင်း အများပြည်သူတွေအကြား ဆွေးနွေးငြင်းခုံစရာကိစ္စ ဖြစ်လာမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up