ဇင်ဘာဘွေသမ္မတ မနန်ဂါဂွါ ကျမ်းသစ္စာကျိန်ဆို

ဓာတ်ပုံ - dailytimes
ဇင်ဘာဘွေသမ္မတအဖြစ် အီမာဆင် မနန်ဂါဂွါဟာ သြဂုတ် ၂၆ ရက်နေ့က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ ဇင်ဘာဘွေသမ္မတရဲ့ ရာထူးလက်ခံပွဲ အခမ်းအနားကို တောင်အာဖရိကသမ္မတ ရမ်မာဖိုဆာ၊ ရဝမ်ဒါသမ္မတ ပေါလ်ကာဂါမီနဲ့ ထောင်နဲ့ချီတဲ့ ဇင်ဘာဘွေပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားကို မြို့တော် ဟာရာရဲရှိ အမျိုးသားအားကစားကွင်းမှာ ပြုလုပ်ခဲ့ပြီး မနန်ဂါဂွါဟာ တရားသူကြီးချုပ် လုခ်မာလာဘာရှေ့မှာ ကျမ်းသစ္စာဆိုခဲ့ပါတယ်။ အဲဒီနောက် ရာထူးလက်ခံပွဲ မိန့်ခွန်းအဖြစ် နိုင်ငံမှာ ကြုံတွေ့နေရတဲ့ စီးပွားရေး စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ အာရုံစိုက်ရမှာဖြစ်ကြောင်း သမ္မတ မနန်ဂါဂွါက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သမ္မတ မနန်ဂါဂွါက ရွေးကောက်ပွဲမတိုင်ခင် ပေးထားတဲ့ ကတိကဝတ်တွေကို အကောင်ထည်ဖော်မှာ ဖြစ်ကြောင်းလည်း ထပ်လောင်း အတည်ပြုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up