စပါးဂိုးသမား လိုရစ် မန်ယူနှင့်ပွဲတွင် အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ခွင့်ရရန် မသေချာ

စပါးဂိုးသမား လိုရစ်ဟာ အရက်မူးပြီး ကားမောင်းခဲ့လို့ ဒဏ်ကြေးငွေဆောင်ခဲ့ရပြီး မန်ယူနဲ့ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ခွင့်ရဖို့ မသေချာဘူးလို့ သိရပါတယ်။ စပါးအသင်းဟာ မန်ယူနဲ့ ဒီကနေ့ညမှာ ယှဉ်ပြိုင်ကစားရမှာပါ။ ပြင်သစ်နဲ့ စပါးအသင်းခေါင်းဆောင် လိုရစ်ဟာ မန်ယူနဲ့ပွဲမတိုင်ခင် ၄ ရက်အလို သောကြာနေ့ညမှာ အပြင်ထွက်ခဲ့တာဖြစ်ပြီး အရက်မူး ကားမောင်းလို့ ဖမ်းဆီးစစ်ဆေးခံခဲ့ရပါတယ်။ ဒါကြောင့် လိုရစ်ကို ဝေဖန်မှုတွေရှိနေပြီး မန်ယူနဲ့ပွဲမှာ ပွဲထွက်ကစားခဲ့ရင်တောင် အသင်းခေါင်းဆောင်လက်ပတ်ကို တိုက်စစ်မှူး ဟယ်ရီကိန်းဆီ လွှဲပြောင်းပေးရဖွယ် ရှိတယ်လို့ ဆိုပါတယ်။ စပါးနည်းပြ ပိုချက်တီနိုဟာ အရင်ကလည်း ဝေါ်ကာနဲ့ အန်ဒါဝီရယ်တို့ စည်းကမ်းလိုက်နာမှု မရှိတာတွေအတွက် ဝေဖန်ခဲ့ဖူးပါတယ်။ လိုရစ်ကိုတော့ အသင်းခေါင်းဆောင်နဲ့ အဓိက ကစားသမား ဖြစ်တဲ့အပြင် ရင်းနှီးတဲ့ဆက်ဆံရေးရှိလို့ အပြစ်တင်ဖွယ်မရှိဘူးလို့ ဆိုပါတယ်။ ဂိုးသမားလိုရစ်ကတော့ အရက်မူးပြီး ကားမောင်းခဲ့တာနဲ့ ပတ်သက်လို့ ပရိသတ်တွေနဲ့ အသင်းကို ပြန်လည်တောင်းပန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up