အသက် ၁၂ နှစ်ရွယ် ကျောင်းသားတဦး ဆွဲကြိုးချသေဆုံး
DVB
·
August 27, 2018
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ အသက် ၁၂ အရွယ် ကျောင်းသား ၁ ဦး ဆွဲကြိုးချ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးဌာနက ထုတ်ပြန်ပါတယ်။
သြဂုတ်လ ၂၆ ရက်နေ့ ညနေ ၅ နာရီခွဲက ကျောက်ဖြူမြို့နယ် ကုလားဘာတောင် ကျေးရွာနေ အသက် ၁၂ အရွယ် ဇေယျာလင်းဟာ နေအိမ်အတွင်းခန်း အမြင့် ၇ ပေလောက်ရှိ တဲ့ ထုပ်တန်းမှာ လျှပ်စစ်ဝါယာကြိုးနဲ့ ဆွဲကြိုးချသေဆုံးခဲ့တာပါ။
မောင်ဇေယျာလင်းရဲ့ အလောင်းကို ကျောက်ဖြူ ပြည်သူ့ဆေးရုံသို့ ပို့အပ်ခဲ့ပြီး ကျောက်ဖြူမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၂၀/၂၀၁၈) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - MOI