Thursday, June 8, 2023
HomeLead Storyသြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ရာထူးက နုတ်ထွက်

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ရာထူးက နုတ်ထွက်

မကြာသေးခင်ရက်ပိုင်းက သြစတြေးလျဝန်ကြီးချုပ် မယ်လ်ကွန်တန်ဘူးလ် ရားထူးကနေ နုတ်ထွက်သွားခဲ့အပြီး အခု နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့ဟာလည်း ရာထူးကနေ နုတ်ထွက်သွားပါတယ်။

ဝန်ကြီးချုပ်သစ် စကော့မော်ရစ်ဆင်ရဲ့ အစိုးရအဖွဲ့စာရင်းကို ကြေညာဖို့ပြင်ဆင်နေစဉ်မှာ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့ အခုလို ရာထူးကနေ နုတ်ထွက်သွားခဲ့တာလို့ ဘီဘီစီသတင်းမှာ ဒီနေ့ ဖော်ပြပါတယ်။

ဂျုလီဘစ်ရှော့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ဝန်ကြီးချုပ်သစ်ရွေးချယ်ရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အနိုင်မရခဲ့ပါဘူး။

ဒါ့အပြင် ဂျူလီဘစ်ရှော့ဟာ ၁၁ နှစ်ကြာ တာဝန်ယူခဲ့တဲ့ လစ်ဘရယ်ပါတီ ဒု-ဥက္ကဋ္ဌ ရာထူးကိုလည်း စွန့်လွှတ်လိုက်ရပါတယ်။

နိုင်ငံခြားရေးဝန်ကြီးအဖြစ်ကနေ နုတ်ထွက်သွားတဲ့ အသက် ၆၂ နှစ်အရွယ် ဂျူလီဘစ်ရှော့ဟာ ၂ဝ၁၉ ခုနှစ်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်း ရှိ၊ မရှိ မဆုံးဖြတ်ရသေးဘူးလို့လည်း ပြောကြားခဲ့ပါတယ်။

သြစတြေးလျနိုင်ငံမှာ လက်ရှိအာဏာရယူထားတဲ့ လစ်ဘရယ်နဲ့ နေရှင်နယ် ညွန့်ပေါင်းပါတီတွေဟာ လွှတ်တော်မှာ အမတ်နေရာ တနေရာသာ အသာရနေတာလည်း ဖြစ်ပါတယ်။

လက်ရှိလူထူစစ်တမ်းသဘောထားတွေအရ ပြိုင်ဘက် လေဘာ ပါတီက အသာရနေပြီး ရွေးကောက်ပွဲကို ၂ဝ၁၉ ခုနှစ် မေလ မတိုင်မီ ကျင်းပဖွယ်ရှိတယ်လို့လည်း ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular