Home
မြန်မာသတင်း
ဒေါ်လာဈေးမြင့်တက်မှုကြောင့် ပဲနှင့်ဆန်ဈေးကွက် ပျက်မည်ကို လုပ်ငန်းရှင်များ စိုးရိမ်
ဇေယျာချမ်းအေး
·
August 26, 2018
ဒေါ်လာဈေးတက်နေတာကို  မထိန်းနိုင်သေးတဲ့အပြင် ဆန်နဲ့ပဲဈေးကွက်ပျက်မယ့် အလားအလာတွေ ဖြစ်နေတဲ့အတွက် လုပ်ငန်းရှင်တွေ စိုးရိမ်နေကြတယ်လို့ ကုန်သည်စက်မှု အသင်းချုပ်တာဝန်ရှိသူကပြောပါတယ်။   သြဂုတ် ဒုတိယပတ်ကစပြီး အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၁၅ဝဝ ကျော်အထိ စံချိန်တင်မြင့် တက်နေတာပါ။ ဒီအခြေအနေကို ဗဟိုဘဏ်က ထိန်းမပေးနိုင် သေးတဲ့အပြင် နိုင်ငံခြားဝင်ငွေအဓိကရရှိနေတဲ့ ပို့ကုန် ဆန်နဲ့ပဲဈေးကွက်ဟာ ရာသီဥတု အခြေအနေကြောင့် ဈေးကွက်ပျက်မယ့်အလားအလာတွေ ဖြစ်ပေါ်နေတဲ့အတွက် ကုန်သည် တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ စိုးရိမ်နေကြရတယ်လို့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု အသင်းချုပ်ရုံးမှာ သြဂုတ် ၂၅ ရက်နေ့ ကျင်းပတဲ့ B4B Insights Forum 2018 ပွဲမှာ  ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌက ပြောပါတယ်။ ကုန်သည်စက်မှုအသင်းချုပ် UMFCCI ဥက္ကဋ္ဌက ဦးဇော်မင်းဝင်း “အန်ကယ်တို့ စိုးရိမ်တာ နောင်များ ပဲဈေးကွက်တွေ ပျက်သွားမယ်၊ နောက်တခုက ဆန်ကလည်း မနှစ်ကလောက် ပို့နိုင်ပါ့မလားပေါ့။ မနှစ်က ၃ သန်းကျော်ပို့နိုင်တယ်။ ဒီနှစ်အဲဒီလောက် ပို့နိုင်ပါ့မလားပေါ့။ အိတ်စပို့ကလည်း သိပ်မရှိဘူးဆိုရင် ဘယ်လို အခြေအနေရှိမလဲပေါ့။ အန်ကယ်တို့က စိုးရိမ်တယ်”လို့ ပြောပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေဟာ သြဂုတ်လ ၂၇ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရင် ပို့ကုန်သွင်းကုန်နဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ဥပဒေတွေကို အတိုင်းအတာတခု အထိ ပြောင်းလဲညှိနှိုင်းခွင့်ရမယ်လို့ လုပ်ငန်းရှင်တွေက မျှော်လင့်ထားပါတယ်။ ကုန်သည်စက်မှုအသင်းချုပ် UMFCCI ဥက္ကဋ္ဌက ဦးဇော်မင်းဝင်း “စီးပွားကူးသန်းကလည်း အိတ်စပို့တွေ ဝင်ငွေတွေ သိပ်အားနည်းနေတယ်ပေါ့။ ဘာကြောင့်ဖြစ်လဲဆိုတော့ အင်ပို့တွေကလည်း များနေတယ်။ မများလို့ကလည်း မရဘူး။ တကယ်လို့အပ်တဲ့ ဟာတွေ သွင်းနေတာ။ နိုင်ငံတော်ရဲ့ ပရော့ဂျက်တွေအတွက် တင်သွင်းတာတွေလည်း ရှိနေတယ်။ ဒါပေမယ့် အိတ်စပို့က ဝင်ငွေတက်မလားဘူး။”လို့ ပြောပါတယ်။ လက်ရှိအချိန်မှာတော့ ဒေါ်လာဈေးတက်တာကို ရေတိုနည်းလမ်းအဖြစ်ဗဟိုဘဏ်က ဒေါ်လာလေးသန်းကို ဈေးကွက်ထဲထုတ်ရောင်းပေးထားပါတယ်။ သြဂုတ်လ ၂၄ ရက်နေ့ မှာတော့ ပုဂ္ဂလိကဘဏ်တွေ လုပ်ငန်းလည်ပတ်ဖို့ ဗဟိုဘဏ်က ဒေါ်လာတွေ ထုတ်ချေးပေးနေ ပါတယ်။ ဗဟိုဘဏ်ရဲ့ပင်မလည်ပတ်ငွေဖြစ်တဲ့ ဒေါ်လာသန်းငါးဆယ်ကို ဗဟိုဘဏ်က ထုတ်ရောင်း ပေးသင့် မပေးသင့်ကိုလည်း ဆွေးနွေးတိုင်ပင်မှုတွေပြုလုပ်နေတယ်လို့ သိရပါ တယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024