အမေရိကန် ပဲပိစပ်စိုက် တောင်သူတွေဟာ အစိုးရအမတော်ကြေး ထောက်ပံ့တာထက် ပဲပိစပ် အများဆုံးတင်ပို့တဲ့ တရုတ်ဈေးကွက်ဆုံးရှုံးမှာကို စိုးရိမ်နေကြပါတယ်။
အမေရိကန်နိုင်ငံဟာ ပဲပိစပ် အဓိက ထုတ်လုပ်တင်ပို့ရာနိုင်ငံဖြစ်ပြီး အိုင်အိုဝါပြည်နယ်ဟာ နိုင်ငံမှာ ဒုတိယမြောက် ပဲပိစပ် အများဆုံး ထုတ်လုပ်ရာ ပြည်နယ်ဖြစ်ပါတယ်။
အရင်နှစ်တွေက အိုင်အိုဝါပြည်နယ်ထွက် ပဲပိစပ်တွေရဲ့ ၃၀ ရာခိုင်နှုန်းကျော်ကို တရုတ်ပြည် တင်ပို့တယ်လို့ သိရပါတယ်။
အမေရိကန် အစိုးရက ကုန်သွယ်ရေးပဋိပက္ခ စတင်လိုက်ကတည်းကစလို့ ပဲပိစပ်တင်ပို့မှု ထိခိုက်ခဲ့ပါတယ်။
ပဲပိစပ်တင်ပို့မှု အထိနာခဲ့တဲ့အတွက် ဒီနှစ်အစောပိုင်းမှာ ပဲပိစပ်ဈေး ၂၀ ရာခိုင်နှုန်းလောက် ကျဆင်းခဲ့တယ်လို့လည်း အမေရိကန် ပဲပိစပ်စိုက်တောင်သူတဦးက ပြောပါတယ်။
အဆိုပါ တောင်သူက ဒီနှစ်အဖို့ ပဲပိစပ်ဈေး ထပ်ကျမယ်ဆိုရင် နောက်နှစ်မှာ သူ့အနေနဲ့ ပဲပိစပ်ပင်ကို လျှော့စိုက်ပြီး တခြားသီးနှံပြောင်းစိုက်မယ်လို့ ပြောခဲ့ပါတယ်။