အာဆင်နယ်က ၀က်စ်ဟမ်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်က ၀က်စ်ဟမ်းကို ၃ ဂိုး ၁ ဂိုးနဲ့ နိုင်ပွဲ ရသွားပါတယ်။ လန်ဒန်မြိုခံပြိုင်ဘက်တွေ ဖြစ်တာကြောင့် အကြိတ်အနယ်နဲ့ ပွဲကောင်းတပွဲ ဖြစ်ခဲ့ပါတယ်။ ၀က်စ်ဟမ်းအတွက် ဦးဆောင်ဂိုးကို ၂၅ မိနစ်မှာ အာနူတိုဗစ်က သွင်းယူပါတယ်။ အာဆင်နယ်အတွက် ချေပဂိုးကို နောက်ထပ် ၅ မိနစ်လောက်မှာပဲ မွန်ရီရယ်က သွင်းယူပါတယ်။ အိမ်ကွင်းမှာ အာဆင်နယ်ကပဲ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့သလို ထိုးဖောက်ကန်သွင်းခွင့် အကြိမ်ရေလည်း ပိုရခဲ့ပါတယ်။ မိနစ် ၇၀ မှာ ၀က်စ်ဟမ်း နောက်ခံ ကစားသမား ကိုယ့်ဂိုးကိုယ် သွင်းမိရာကနေ ရသွားတာပါ။ အပိတ်ဂိုးကို မိနစ် ၉၀ တိုက်စစ်မှူး ၀ဲလ်ဘက်က သွင်းယူပြီး အနိုင်ရသွားပါတယ်။ အာဆင်နယ်နည်းပြ အူနိုင်း အမ်မရီအတွက်တော့ ပထမဆုံး နိုင်ပွဲရတာပါ။ ၀က်စ်ဟမ်းအတွက်တော့ ၃ ပွဲဆက်တိုက် ရှုံးပွဲတွေ့သွားတာ ဖြစ်ပါတယ်။ မနေ့ညအစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ လက်ရှိချန်ပီယံ မန်စီးတီးက အဝေးကွင်းမှာ ၀က်ဖို့ဒ်အသင်းနဲ့ ၁ ဂိုးစီ သရေကျသွားပါတယ်။ နာမည်ကြီး လီဗာပူးအသင်းကတော့ အိမ်ကွင်းမှာ ဘရိုင်တန်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up