သမ္မတ ဦးဝင်းမြင့် နီပေါနိုင်ငံကို ချစ်ကြည်ရေးခရီး သွားမည်
DVB
·
August 25, 2018
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီး ဒေါ်ချိုချိုတို့ဟာ နီပေါနိုင်ငံကို ချစ်ကြည်ရေးခရီးသွားရောက်မယ်လို့ ပြန်ကြားရေး သတင်းမှာ ဖော်ပြပါတယ်။
နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီရဲ့ ဖိတ်ကြားချက်အရ မကြာမီကာလအတွင်း နီပေါနိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်မှာ ဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတဟာ ကတ္တမန္ဒူးမြို့မှာ ကျင်းပမယ့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးကိုလည်း ချစ်ကြည်ရေးခရီးစဉ်နဲ့ တဆက်တည်း တက်ရောက်မယ်လို့ ဆိုပါတယ်။