Monday, June 5, 2023
HomeLead Storyနိုင်ငံခြားရေးဝန်ကြီး၏ မြောက်ကိုရီးယားခရီးစဉ်ကို သမ္မတထရမ့် ပယ်ဖျက်

နိုင်ငံခြားရေးဝန်ကြီး၏ မြောက်ကိုရီးယားခရီးစဉ်ကို သမ္မတထရမ့် ပယ်ဖျက်

လာမယ့်သီတင်းပတ်အတွင်း မြောက်ကိုရီးယားကို သွားရောက်ဖို့ စီစဉ်ထားတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြောက်ကိုရီးယားခရီးစဉ်ကို သမ္မတဒေါ်နယ်ထရမ့်က ပယ်ဖျက်လိုက်ပါတယ်။

ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး ရည်မှန်းချက်အတွက် လုံလောက်တဲ့ တိုးတက်ဖြစ်ထွန်းမှုမျိုးကို ကျနော်တို့ လုပ်ဆောင်နိုင်ခြင်း မရှိတဲ့အတွက် နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ကို ဖျက်သိမ်းရတာလို့ သမ္မတဒေါ်နယ်ထရမ့်က သြဂုတ် ၂၄ ရက်နေ့မှာ ပြောကြားပါတယ်။

သမ္မတဒေါ်နယ်ထရမ့်က သူ့ရဲ့ Twitter စာမျက်နှာမှာရေးသားထားရာမှာ “လာမည့်သီတင်းပတ်မှာ သွားဖို့ စီစဉ်ထားတဲ့ ပွန်ပယ်ယိုရဲ့ ခရီးစဉ်ဟာ တရုတ်-အမေရိကန် ကုန်သွယ်ရေးအငြင်းပွားမှုကို မဖြေရှင်းနိုင်သေးသရွှေ့ ဖြစ်လာဖွယ်မရှိဘူး။ မြောက်ကိုရီးယားအရေးကိစ္စနဲ့ ပတ်သက်ပြီး တရုတ်က အကူအညီပေးတာမျိုးမရှိတော့ဘူးလို့” ရေးသားထားတာတွေ့ရပါတယ်။

မြောက်ကိုရီးယားနဲ့ပတ်သက်ပြီး အခုလိုပြောဆိုချက်တွေဟာ ဒေါ်နယ်ထရမ့်ရဲ့ လေသံအကြီးအကျယ်ပြောင်းလဲသွားတာကို ညွှန်ပြနေတာဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ဇွန်လက ပြုလုပ်ခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ ထိပ်သီးဆွေးနွေးပွဲကို အောင်မြင်မှုလို့ ပြောဆိုခဲ့သလို၊ မြောက်ကိုရီးယား နျူကလီးယားခြိမ်းခြောက်မှု ပြီးဆုံးသွားပြီလို့ ပြောကြားထားတာဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular