လာလီဂါပွဲစဉ်များ အမေရိကန်တွင်ကျင်းပမည့် အစီအစဉ် ကစားသမားများ သပိတ်မှောက်မည်

စပိန်လာလီဂါပွဲစဉ်တွေကို အမေရိကမှာ ကျင်းပမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး စပိန်ကစားသမားတွေက သပိတ်မှောက်သွားဖို့ ရှိနေပါတယ်။ စပိန်လာလီဂါ တာဝန်ရှိသူတွေဟာ အမေရိက ဘောလုံးလောကကို မြှင့်တင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လိဂ်ပွဲစဉ်တွေကို အမေရိကန်နိုင်ငံနဲ့ ကနေဒါနိုင်ငံတွေမှာ သွားရောက်ကစားဖို့ ပြင်ဆင်နေတာပါ။ ဒီအခြေအနေနဲ့ပတ်သက်ပြီး  စပိန်ဘောလုံးသမားများ အဖွဲ့ချုပ်နဲ့ လာလီဂါအသင်း ၂၀ က အသင်းခေါင်းဆောင်တွေနဲ့ ကစားသမားတချို့ဟာ သြဂုတ် ၂၂ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ကန့်ကွက်သွားဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ဒီဆွေးနွေးပွဲမှာ ရီးရဲလ်အသင်းခေါင်းဆောင် ရာမို့စ်၊ ဘာစီလိုနာအသင်းက ဘတ်စကွက်နဲ့ ဆာဂျီရောဘတ်တိုတို့လည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။ စပိန်လာလီဂါ တာဝန်ရှိသူတွေအနေနဲ့ အခုနှစ် ဘောလုံးရာသီမှာလည်း လိဂ်ပွဲစဉ်တပွဲကို အမေရိကမှာ သွားကစားဖို့ သဘောတူညီထားတယ်လို့ ဆိုပါတယ်။ စပိန်ကစားသမား အဖွဲ့အစည်းတွေကလည်း ဘောလုံးသမားတွေဟာ တခြား မဆိုင်တဲ့သူတွေအတွက် အသုံးချခံပစ္စည်းတွေ မဟုတ်ဘူးလို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up