Monday, June 5, 2023
HomeLead Storyမန်သို့ပြောင်းရန် တိုက်တွန်းခဲ့သည့် ဂီလ်ဘာတိုဆေးဗားကို ဖရက်ဒ် ချီးကျူး

မန်သို့ပြောင်းရန် တိုက်တွန်းခဲ့သည့် ဂီလ်ဘာတိုဆေးဗားကို ဖရက်ဒ် ချီးကျူး

မန်ယူအသင်းဆီ ပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့တဲ့ အာဆင်နယ် ကစားသမားဟောင်း ဂီလ်ဘာတိုဆေးဗားကို ဖရက်ဒ်က ချီးကျူးစကား ပြောကြားလိုက်ပါတယ်။

ရှက်တာဒိုးနက် ကစားသမားဟောင်း ဖရက်ဒ်ဟာ မန်စီးတီးနဲ့ ပီအက်စ်ဂျီ အသင်းတွေရဲ့ ကမ်းလှမ်းမှုကို ပယ်ချပြီး မန်ယူအသင်းဆီပြောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဒီဆုံးဖြတ်ချက်ဟာ ဂီလ်ဘာတိုဆေးလ်ဗားရဲ့ အကူအညီတွေ ပါဝင်ပြီး အာဆင်နယ်ကစားသမားဟောင်း ဖြစ်ပေမယ့် မန်ယူအသင်းကို လေးစားတဲ့သူ ဖြစ်တယ်လို့ ဖရက်ဒ်က ဆိုပါတယ်။

ဘရာဇီးလက်ရွေးစင် ကစားသမားဟောင်းဖြစ်တဲ့ ဂီလ်ဘာတိုဆေးဗားဟာ မိမိနဲ့လည်း ကစားပုံတူပြီး ပရီးမီးယားလိဂ်ဖလားလည်း ရယူဖူးတာကြောင့် အတုယူစရာ ကစားသမားအဖြစ် မှတ်ယူထားတယ်လို့လည်း ဖရက်ဒ်က ပြောကြားခဲ့ပါတယ်။

ဖရက်ဒ်အနေနဲ့ လာမယ့်အပတ်မှာ တွေ့ဆုံမယ့် စပါးနဲ့ပွဲဟာ သူ့ရဲ့ ၃ ပွဲမြောက် ပရီးမီးယားလိဂ်ပွဲစဉ် ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular