ယခုနှစ် ဘောလုံးရာသီတွင် ဂိုး ၃၀ ကျော်သွင်းရန် မိုရာတာ ပစ်မှတ်ထား

အခုနှစ်ဘောလုံးရာသီမှာ ဂိုးပေါင်း ၃၀ ကျော်အထိ သွင်းယူဖို့ ချဲလ်ဆီးတိုက်စစ်မှူး မိုရာတာက ပစ်မှတ်ထားနေပါတယ်။ မိမိတို့အသင်းဟာ ဘောလုံးရရှိချိန်မှာ အကောင်းဆုံးကစားနိုင်ပြီး လိုအပ်ချက် နည်းနည်းရှိပေမယ့် နည်းပြသစ်နဲ့ တလလောက်အတွင်းမှာ အခုလို ပုံစံကောင်းရတာဟာ ချီးကျူးစရာဖြစ်တယ်လို့ မိုရာတာက ဆိုပါတယ်။ စပိန်တိုက်စစ်မှူး မိုရာတာဟာ အာဆင်နယ်အသင်းနဲ့ပွဲမှာ တဂိုးသွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ခက်ခဲတဲ့ ဘောလုံးရာသီ ဖြစ်ခဲ့ပြီး ယုံကြည်မှု ပျောက်ဆုံးခဲ့တာကြောင့် အကောင်းဆုံး မကစားနိုင်ခဲ့ဘူးလို့လည်း မိုရာတာက ဆိုပါတယ်။ မိမိအနေနဲ့ ဂိုး ၃၀ ကျော်လောက်အထိ သွင်းယူချင်ပေမယ့် အသင်းနဲ့အတူ ဆုဖလားတွေ ရယူနိုင်ဖို့က ပိုပြီးအရေးပါတယ်လို့ မိုရာတာက ပြောကြားခဲ့ပါတယ်။ မိုရာတာဟာ ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးအသင်းအတွက် ၁၅ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up