Home
မြန်မာသတင်း
ပြည်သူ့ပါတီကို ရွေးကောက်ပွဲကော်မရှင် မှတ်ပုံတင်ခွင့်ပြု
DVB
·
August 24, 2018
ဦးကိုကိုကြီးအပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တချို့  တည်ထောင်ထားတဲ့ ပြည်သူ့ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ပြီလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာပါတယ်။ ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်မှာ ပါတီရုံးချုပ်ဖွင့်လှစ်ထားတဲ့ ပြည်သူ့ပါတီ (The People’s Party ) ကို သြဂုတ် ၂၃ ရက်ကစပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နဲ့ အညီမှတ်ပုံတင်ခွင့်ပြုလိုက်တာလို့ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အဆိုပါ ပါတီအနေနဲ့ ရွေးကောက်ပွဲကော်မရှင်မှာ ရှစ်လေးလုံးပါတီဆိုပြီး လျှောက်ခဲ့ ပေမယ့် ကန့်ကွက်မှုတွေရှိခဲ့တာကြောင့် ရှစ်လေးလုံးပြည်သူ့ပါတီဆိုပြီး ထပ်မံaလျှာက်ခဲ့ ပါတယ်။ ဒါပေမယ့် ရှစ်လေးလုံးပြည်သူ့ပါတီကိုလည်း ကန့်ကွက်မှုတွေနဲ့ ထပ်မံကြုံတွေ့ခဲ့ရလို့  ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့မှာ ပြည်သူ့ပါတီအနေနဲ့ အမည်ပြောင်းလဲကာ ခွင့်ပြုမိန့်ရရှိဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်ထားခဲ့ပါတယ်။ ပါတီမှတ်ပုံတင်ကျဖို့အတွက် ကန့်ကွက်မှုတွေနဲ့ ကြန့်ကြာမှုတွေရှိခဲ့တာကြောင့် လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့ပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024