အစွန်းရောက်အကြောင်းအရာ မဖယ်ရှားသည့် လူမှုကွန်ရက်ကုမ္ပဏီများကို အီးယူ ဒဏ်တပ်မည်

အစွန်းရောက် အကြောင်းအရာတွေကို အင်တာနက် လူမှုကွန်ရက်တွေပေါ်ကနေ မြန်မြန်မဖယ်ရှားတဲ့ လူမှုကွန်ရက်ကုမ္ပဏီတွေကို ဒဏ်ကြေးတပ်ဖို့ စီစဉ်နေတယ်လို့ ဥရောပသမဂ္ဂ (အီးယူ) ရဲ့ လုံခြုံရေးဆိုင်ရာ မဟာမင်းကြီး ဂျူလီယာကင်းက ပြောပါတယ်။ အသစ်ပြဋ္ဌာန်းမယ့် စည်းမျဉ်းစည်းကမ်းတွေအရ လူမှုကွန်ရက်တွေဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်၊ ယူကျုနဲ့ တွစ်တာတို့ဟာ အစွန်းရောက်မှုနဲ့ ဆက်နွှယ်တဲ့ အကြောင်းအရာတွေကို တင်တယ်ဆိုတာ တွေ့ပြီးပြီးချင်း တနာရီအတွင်း ဖယ်ရှားရမှာဖြစ်ပြီး မဖယ်ရှားနိုင်ရင် ဒဏ်ကြေးဆောင်ရမှာပါ။ အွန်လိုင်းပေါ်က အကြမ်းဖက်မှုနဲ့ ဆက်နွှယ်တဲ့ အကြောင်းအရာတွေကို တိုက်ဖျက်ရာမှာ အဲဒီကုမ္ပဏီတွေရဲ့ လုပ်ဆောင်ချက် နှေးကွေးနေတာကို အီးယူဘက်က အားမရဘူးလို့ ကင်းက တွေ့ဆုံမေးမြန်းမှုတခုမှာ ပြောကြားထားပါတယ်။ အသစ်ပြဋ္ဌာန်းမယ့် လုပ်ထုံးလုပ်နည်းနဲ့ စည်းမျဉ်းစည်းကမ်းတွေကို အီးယူအဖွဲ့ဝင် နိုင်ငံတွေရဲ့ ထောက်ခံချက်မယူခင် လာမယ့်လမှာ ဖြန်ချိသွားမယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up