ပွဲထွက်ခွင့်အတွက် ပြိုင်ဆိုင်ရမှုက အသင်းကို အကျိုးရှိစေဟု မူစတာဖီ ပြော

အာဆင်နယ်အသင်းမှာ ပွဲထွက်ခွင့်ရဖို့ ပြိုင်ဆိုင်မှုရှိနေတာဟာ အသင်းအတွက် အကျိုးရှိစေတယ်လို့ နောက်ခံလူ မူစတာဖီက ပြောကြားလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ နည်းပြသစ် အူနိုင်းအမ်မရီ လက်ထက်မှာ လိဂ် ၂ ပွဲစလုံး ရှုံးနိမ့်ထားတာပါ။ ဘယ်ကစားသမားကမှ ပွဲထွက်ခွင့်အတွက် အာမခံချက် မရှိတာက အသင်းရဲ့ အရည်အသွေးကို တိုးတက်လာလိမ့်မယ်လို့ မူစတာဖီက ဆိုပါတယ်။ ပွဲထွက်ခွင့်အတွက် ပြိုင်ဆိုင်မှုရှိတာဟာ နောက်တဆင့်ကို တက်လှမ်းစေပြီး အဲဒီလို ပြိုင်ဆိုင်မှုမရှိရင်တော့ အရည်အချင်းပိုင်းမှာ အနည်းငယ် ပြဿနာရှိနိုင်တယ်လို့ မူစတာဖီက ဆိုပါတယ်။ ကစားသမားတွေကြားမှာ ပွဲထွက်ခွင့်အတွက် ပြိုင်ဆိုင်မှုရှိကြပေမယ့် အသင်းသားစိတ်ဓာတ် ပြည့်ဝကြသူတွေဖြစ်ပြီး အဝတ်လဲခန်းအတွင်းမှာ ပျော်ရွှင်စွာ နေတတ်သူတွေ ဖြစ်တယ်လို့လည်း မူစတာဖီက ပြောကြားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ မန်စီးတီးနဲ့ ချဲလ်ဆီးအသင်းတွေကို ရှုံးနိမ့်ခဲ့လို့ အမှတ်မရသေးဘဲ လာမယ့်အပတ်မှာတော့ လန်ဒန်ဒါဘီပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up