Home
မြန်မာသတင်း
အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေး မြန်မာကာချုပ်နှင့် ရုရှားကာကွယ်ရေးဝန်ကြီးဆွေးနွေး
DVB
·
August 22, 2018
ရုရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဆာဂျီ ကူဇူဂီတိုဗစ် ရှိုယူအီဂူတို့ တွေ့ဆုံပြီး  အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေးဆိုင်ရာ ကိစ္စရပ်တွေ ပူးပေါင်း ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ သြဂုတ် ၂၁ ရက်မနက်ပိုင်းက နိုင်ငံတကာစစ်ဘက်နည်းပညာဖိုရမ် (Army Forum-2018)နဲ့ နိုင်ငံတကာအမျိုးသားလုံခြုံရေးဖိုရမ် (Week of National Security) ပြုလုပ်နေတဲ့ နေရာရှိ အစည်းအဝေးခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့တာလို့ တပ်မတော်က သတင်းထုတ်ပါတယ်။ တွေ့ဆုံရာမှာ နှစ်နိုင်ငံတပ်မတော်အကြား လေ့ကျင့်ရေးဆိုင်ရာနဲ့ စစ်ဘက် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေးဆိုင်ရာ ကိစ္စတွေ ပူးပေါင်းဆောင်ရွက်ရေး၊ ရခိုင်ပြည်နယ်မြောက်ပိုင်း ပြဿနာဖြေရှင်း ဆောင်ရွက်ရာမှာ  ရုရှားနိုင်ငံက ထောက်ခံအားပေး ကူညီဆောင်ရွက်ပေးရေး၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာကာကွယ်ရေးဦးစီးချုပ်နဲ့ အဖွဲ့ဝင်ဟာ  ဒုတိယကမ္ဘာစစ်အတွင်း အသုံးပြုခဲ့တဲ့ တင့်ကားနဲ့ သံချပ်ကာကားတွေ၊ ရုရှားနိုင်ငံမှ အသုံးပြုနေတဲ့ ဒုံးပျံတွေနဲ့ တိုက်လေ ယာဉ်ပြကွက်တွေကိုလည်း ကြည့်ရှုလေ့လာခဲ့ကြတယ်လို့လည်း သိရပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024