မဲဆောက်မြို့တွင် တရားမ၀င် မြန်မာအလုပ်သမားများ ဖမ်းဆီးခံရ
DVB
·
July 31, 2012
မဲဆောက်မြို့မှာ တရားမ၀င် ၀င်ရောက်အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၆၀ လောက်ကို ထိုင်းတာဝန်ရှိသူတွေက ဒီနေ့ ဖမ်းဆီးလိုက်ပါတယ်။
မဲဆောက်မြို့ မယ်ရမတ် ကားလမ်းမှာရှိတဲ့ စိုင်မွန်တံဆိပ် ဖိနပ်ချုပ်အလုပ်ရုံကို ထိုင်း နယ်ခြားစောင့်နဲ့ လ၀ကတို့က ဒီနေ့ ၀င်ရောက် စစ်ဆေးရာမှာ ပြည်ဝင်ခွင့်၊ အလုပ်လုပ်ခွင့်စတဲ့ ဘာအထာက်အထားမှ မရှိတဲ့ မြန်မာ အလုပ်သမားအမျိုးသား ၂၀ နဲ့ အမျိုးသမီး ၄၁ ဦးကို တွေ့ရှိပြီး ဖမ်းဆီးလိုက်တာပါ။
အလုပ်သမားတွေဟာ စွဲစွဲမြဲမြဲမရှိဘဲ မကြာခဏ အလုပ်ကနေ ထွက်လေ့ရှိတာ၊ ခွင့်ယူပြီး အိမ်ပြန်သွားသူတွေများတာ၊ အလုပ်ကို ပြန်ဖွင့်တာ ၃ လ လောက်ပဲ ရှိသေးတာကြောင့် အလုပ်သမားမှတ်ပုံတင်လုပ်ပေးဖို့ အစီအစဉ်ရှိပေမယ့် မလုပ်ပေးနိုင်သေးတာလို့  အလုပ်ရှင်က ထွက်ဆိုပါတယ်။
တရားဝင်ဖြစ်သွားတဲ့ အလုပ်သမားတွေဟာ လစာပိုရတဲ့ ထိုင်းနိုင်ငံအတွင်းပိုင်းကို ပြောင်းသွားကြတာမို့ မဲဆောက်က အလုပ်ရုံတွေဟာ အများအားဖြင့် အလုပ်သမားမှတ်ပုံတင်မရှိသူ၊ မြန်မာနိုင်ငံကူးလက်မှတ် မရှိသူတွေကို ဥပဒေချိုးဖောက်ပြီး အစားထိုးနေကြတာ ဖြစ်ပါတယ်။
သူတို့ကို ဆက်လက်စစ်ဆေးဖို့ မဲဆောက်ရဲဌာနကို ခေါ်ဆောင်သွားပါတယ်။ ပြစ်မှုထင်ရှားရင် အလုပ်ရှင်အနေနဲ့ ဒဏ်ငွေနဲ့ ထောင်ဒဏ် ချမှတ်ခံရနိုင်ပါတယ်။ အလုပ်သမားတွေကိုတော့ မြန်မာနိုင်ငံဘက်ခြမ်းပြန်ပို့မှာ ဖြစ်ပါတယ်။
[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/migrants in mae sot/]