ရုပ်ရှင်ထူးချွန်ဆု ၃ ဆု ရရှိထားသည့် ဟောလိဝုဒ်ဒရာမာရုပ်ရှင် The Bookshop (နမူနာ)

ဟောလိဝုဒ် ဒရာမာရုပ်ရှင် ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် The Bookshop ရုပ်ရှင်ကို သြဂုတ် ၂၄ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ စပိန်အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ အစ္စဘဲလ် ကွိုင်ဇက် (Isabel Coixet) က ရိုက်ကူးပုံဖော်ပေးထားခဲ့တာ ဖြစ်ပါတယ်။ ၁၉၅၉ ခုနှစ်ကာလ၊ အင်္ဂလန်နိုင်ငံမှာ အခြေတည်ရိုက်ကူးထားခဲ့တဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ မုဆိုးမတဦးဖြစ်တဲ့ ဖလောရန့်စ် ဂရင်းန် (Florence Green) ဟာ စာအုပ်ဆိုင်တဆိုင်ဖွင့်ဖို့ ကြိုးစားချိန်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ စတဲ့ အခြေအနေတွေကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သေးငယ်တဲ့ ကွန်ဆာဗေးတစ် ရှေးရိုးစွဲ ကမ်းရိုးတန်း အင်္ဂလီကန်မြို့ငယ်လေးမှာ ပတ်ဝန်းကျင်ရဲ့ ဆန့်ကျင်တိုက်ခိုက်မှုတွေကြား ဖလောရန့်စ် ဂရင်းန် အနေနဲ့ ဘယ်လိုရင်ဆိုင်မလဲ ဆိုတာကိုတော့ မကြာခင် ရှုစားကြရတော့မှာပါ။ ဒီကားထဲက အဓိကဇာတ်ကောင် ဖလောရန့်စ် ဂရင်းန် နေရာမှာတော့ ဗြိတိန်မင်းသမီး တဦးဖြစ်တဲ့ အမ်မလီ မော်တင်မ်မာ (Emily Mortimer) က ခေါင်းဆောင်ပါဝင်ထားပြီး တခြားသရုပ်ဆောင် မင်းသမီး မင်းသားတွေ ဖြစ်ကြတဲ့ ပက်ထရစ်ရှာ ကလာ့ခ်ဆန် (Patricia Clarkson) နဲ့ ဘေလ်နစ်ဂီ (Bill Nighy) တို့ကလည်း ပါဝင်ထားကြတာပါ။ ဒီရုပ်ရှင်ကားဟာ နာမည်ကြီး စပိန်ရုင်ရှင်ထူးချွန်ဆုတဆုဖြစ်တဲ့ Goya Awards မှာ Best Film, Best Director နဲ့ Best Adapted Screenplay ဆု ၃ ဆု ရရှိထားတာ ဖြစ်ပြီး IMDb မှာ Rating 6.5 ရရှိထားတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၁၃ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ ဘတ်ဂျက် ယူရို ၃ ဒသမ ၄ သန်း အကုန်အကျခံ ရိုက်ကူးထားပြီး Box Office မှာတော့ ဝင်ငွေ အမေရိကန်ဒေါ်လာ ၅ ဒသမ ၉ သန်း ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up