တောင်ကြီးတွင် ၄ လောင်းပြိုင် လူသတ်မှုဖြစ်ပွား
DVB
·
August 21, 2018
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ လေးလောင်းပြိုင် လူသတ်မှု မနေ့က ဖြစ်ပွားခဲ့တယ်လို့ တောင်ကြီးမြို့ခံ တရားဥပဒေစိုးမိုးရေးကွန်ရက်က ဦးဝင်းနိုင်စိုးက ဒီဗွီဘီကို ပြောပါတယ်။
တောင်ကြီး ဆေးတက္ကသိုလ် အနောက်ဘက်ရှိ လိုဏ်ဂူအနားမှာ အသတ်ခံခဲ့ရတာ ဖြစ်ပြီး သတ်ခံရသူတွေထဲမှာ ဒုအရာခံဗိုလ် အပါအ၀င် အမျိုးသမီးတဦးနဲ့ သူ့ရဲ့ သမီးဖြစ်သူတို့ လည်းပါဝင်ပါတယ်။
“ကျနော်တို့ သက်ဆိုင်ရာ အပိုင်ရဲစခန်း အမှတ် ၁ ရဲစခန်းရော၊ ပြည်နယ်ရဲရုံးရော၊ ခရိုင်ရဲရုံးရော ကျနော်တို့ လိုက်တဲ့အခါမှာ သူတို့ဆီကို လုံးဝ သတင်းပို့ထားခြင်းမရှိပါဘူး။ သူတို့ သိရှိတာ မရှိပါဘူးဆိုပြီး ဖြေကြားတယ်ခင်ဗျာ။ အသတ်ခံရတာက အရာခံ ဗိုလ်နှ်စ်ယောက်နဲ့ သားအမိနှစ်ယောက် ၅ နှစ်အရွယ်ကလေးနဲ့ သူ့အမေပါ”လို့ ဦးဝင်းနိုင်စိုးက ပြောပါတယ်။
အခင်းဖြစ်ပွားတဲ့နေရာအနားမှာ လိုင်းခန်းအိမ်နှစ်ခုသာရှိပြီး သာမန်ဒေသခံတွေ ၀င်ထွက်သွား လာလို့မရဘူးလို့လည်း ပြောပါတယ်။
အဆိုပါလူသတ်မှုနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ ရဲတပ်ဖွဲ့ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။