ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးဆိုင်ရာ နည်းဥပဒေ ပြင်ဆင်ရန် အကြံပြုချက်ရယူ
ထွန်းထွန်းသိန်း
·
August 21, 2018
ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ပြင်ဆင်ပြုစုရေးအတွက် အကြံပြုချက်ရယူခြင်းအခမ်းအနားကို ဒီကနေ့ ရန်ကုန်မြို့ Hotel yangon မှာ ကျင်းပပါတယ်။
မြန်မာနိုင်ငံမှာ တောရိုင်းတိရစ္ဆာန်၊ သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝ နယ်မြေများထိန်းသိမ်းရေး ဥပဒေကို ၁၉၉၄ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ပေမယ့် ခေတ်နဲ့ မလျော်ညီ တာကြောင့် ၂၀၁၈ မေလ ၂ ရက်မှာ ပြည်ထောင်စု လွှတ်တော်က ဇီဝမျိုးစုံနဲ့ သဘာဝ ထိန်းသိမ်းရေးနယ်မြေ ကာကွယ်စောင့်ရှောက်ခြင်း ဥပဒေသစ်ပြဋ္ဌာန်းပြီး နည်းဥပဒေကို ဇူလိုင်လမှာ မူကြမ်းရေးဆွဲခဲ့ပါတယ်။