အိန္ဒိယနှင့် ဆက်ဆံရေးတိုးမြှင့်ရန် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးသစ် ဆော်သြ

ဓာတ်ပုံ - livemint
ပါကစ္စတန်နိုင်ငံမှာ အသစ်ခန့်အပ်လိုက်တဲ့ နိုင်ငံခြားရေးဝန်ကြီးက အိမ်နီးချင်း အိန္ဒိယနိုင်ငံနဲ့ ငြိမ်းချမ်းတဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ သြဂုတ် ၂၀ ရက်က ဆော်သြလိုက်ပါတယ်။ ပါကစ္စတန် အကျိုးစီးပွားကို ဗဟိုပြုတဲ့ နိုင်ငံခြားရေးမူဝါဒကို ဆက်ပြီး ထိန်းသိမ်းမယ်လို့လည်း ပြောပါတယ်။ ပါကစ္စတန်ဟာ နယ်စပ်ဖြတ်ကျော် စစ်သွေးကြွ တိုက်ခိုက်မှုတွေကို လုံလောက်အောင် ဟန့်တားမှု မရှိဘူးလို့ အာဖဂန်နစ္စတန်နဲ့ အိန္ဒိယအစိုးရတို့က စွပ်စွဲထားလို့ ပါကစ္စတန်နဲ့ အိမ်နီးချင်း ၂ နိုင်ငံကြား ဆက်ဆံရေး မချောမွေ့ပါဘူး။ ပါကစ္စတန်ကလည်း အာဖဂန်ကို အလားတူ စွဲချက်တွေနဲ့ ပြန်စွပ်စွဲပါတယ်။ အိန္ဒိယကိုလည်း ပိုင်နက်အငြင်းပွား ကက်ရှ်မီးယားနယ်စပ် ထိန်းချုပ်ရေးမျဉ်းတလျှောက် တိုက်ခိုက်မှု ပစ်ခတ်မှုတွေအတွက် စတင်သူအဖြစ် စွပ်စွဲထားပါတယ်။ ပါကစ္စတန် ပြည်သူ့ပါတီ အစိုးရလက်ထက် ၂၀၀၈ ကနေ ၂၀၁၁ ထိ နိုင်ငံခြားရေးဝန်ကြီး တာဝန်ကို ထမ်းဆောင်ခဲ့သူ ရှားမာမွတ် ကူရေးရှီးဟာ အီမာခန်းရဲ့ တရားမျှတရေးပါတီကို ပူးပေါင်းခဲ့သူ ဖြစ်ပါတယ်။ သူကတော့ မကြာခင် အာဖဂန်နစ္စတန်နိုင်ငံဆီ သွားရောက်လည်ပတ်မယ်လို့ ပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up