ဗြိတိန် ဘူတာရုံတခုအနီးတွင် သေနတ်ပစ်ခတ်မှုဖြစ်၊ လူ ၃ ဦး ဒဏ်ရာရ

ဓာတ်ပုံ - GOOGLE
ဗြိတိန်နိုင်ငံ လန်ဒန်မြို့ အနောက်မြောက်ပိုင်းရှိ ကင်းစ်ဘာရီဘူတာရုံအနီးမှာ သြဂုတ် ၂၀ ရက်နေ့က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူ ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတဦးတို့ကို ဆေးရုံပို့ဆောင်ပေးခဲ့ပြီး သူတို့ဒဏ်ရာတွေဟာ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါ့အပြင် ပစ်ခတ်မှုဟာ အကြမ်းဖက်မှုနဲ့ သက်ဆိုင်ခြင်း မရှိဘူးလို့လည်း ရဲကဆိုပါတယ်။ ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးတာ မရှိသေးဘူးလို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့တယ်လို့ ဘီဘီစီသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up