မကြာခင်ကြည့်ရတော့မည့် ဟောလိဝုဒ် စွန့်စားမှု သိပ္ပံဆန်းကြယ်ရုပ်ရှင် – A.X.L. (နမူနာ)

ဟောလိဝုဒ် စွန့်စားမှု သိပ္ပံဆန်းကြယ် ရုပ်ရှင်ကြိုက်တဲ့ ပရိသတ်တွေ နှစ်သက်ကြမယ့် A.X.L. အမည်ရ ရုပ်ရှင်ကို လာမယ့် သြဂုတ် ၂၄ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ ဒါရိုက်တာ အိုလီဗာ ဒါလီ (Oliver Daly) က သူကိုယ်တိုင်ရေးပြီး သူကိုင်တိုင် ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ A.X.L. ဆိုတာ သိပ္ပံပညာရှင်တွေက Artificial Intelligence စနစ် ထည့်သွင်းဖန်တီးထားတဲ့ စက်ရုပ်ခွေးတကောင် ဖြစ်ပါတယ်။ သူ့ကို စစ်တပ်က တိုက်ခိုက်ဖောက်ခွဲရေးတွေမှာ အသုံးပြုဖို့ တီထွင်ထားခဲ့တာဖြစ်ပြီး စစ်ဆင်ရေးတခုမှာတော့ စက်ချို့ယွင်းသွားခဲ့ပြီး သဲကန္တာရတခုထဲမှာ စွန့်ပစ်ခံထားခဲ့ရတယ်။ ဒီအချိန်မှာ မိုင်းလ်စ် ဟေးလ် (Miles Hill) ဆိုတဲ့ ကောင်လေးတယောက်က A.X.L. ကို တွေ့ပြီး ပြန်လည်ပြင်ဆင်လိုက်ချိန်မှာတော့ သူတို့ဟာ အချင်းချင်း ယုံကြည်သွားကြပြီး တသားတည်း ဖြစ်သွားခဲ့ကြပါတယ်။ A.X.L. ဟာ မိုင်းလ်စ်ဟေးလ်ရဲ့ အကောင်းဆုံးအဖော် ဖြစ်လာပြီး သူ့ကို ပြန်ဖမ်းမိသွားရင် ဘာတွေဆက်ဖြစ်လာမလဲ။ သူတို့အဖွဲ့ထဲကို ဆာရာ (Sara) ဆိုတဲ့ ကောင်မလေး ရောက်လာချိန်မှာ ပူးပေါင်းပြီး ဘယ်လိုစွန့်စားမှုတွေ၊ တိုက်ခိုက်မှုတွေနဲ့အတူ ရိုက်ကူးထားသလဲ ဆိုတာတွေကို ဒီကားထဲမှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲက အဓိကဇာတ်ကောင်တွေဖြစ်ကြတဲ့ မိုင်းလ်စ်ဟေးလ်နဲ့ ဆာရာ နေရာမှာတော့ အမေရိကန် သရုပ်ဆောင်မင်းသား အဲလက်စ် နော်စတေဒ်တာ (Alex Neustaedter) နဲ့ သရုပ်ဆောင်မင်းသမီး ဘက်ကီ ဂျီ (Becky G) တို့က ခေါင်းဆောင် ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် မိနစ် ၁၀၀ ရှိတဲ့ ဒီရုပ်ရှင်ကားထဲမှာ ကြမ်းကြမ်းရမ်းရမ်း တိုက်ခိုက်မှုတွေ၊ ပြကွင်းပြကွက်တွေ၊ ဇာတ်ဝင်ခန်းမြင်ကွင်းတွေ ပါဝင်နေတာမို့ ဒီရုပ်ရှင်ကားကို PG အဆင့် သတ်မှတ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up