စိုက်ပျိုးမွေးမြူရေးသမားများအတွက် သြစတြေးလျအစိုးရ သန်း ၂၅ဝ ထောက်ပံ့မည်

ဓာတ်ပုံ - REUTERS/David Gray
မိုးခေါင်မှုဒဏ် ခံခဲ့ရတဲ့ စိုက်ပျိုးမွေးမြူရေးသမားတွေကို သြစတြေးလျဒေါ်လာ သန်း ၂၅ဝ အထိ ထောက်ပံ့မယ်လို့ သြစတြေးလျအစိုးရက သြဂုတ် ၁၉ ရက်မှာ ကြေညာလိုက်ပါတယ်။ အခုပမာဏပါ ထည့်ပေါင်းမယ်ဆိုရင် ပြည်ထောင်စုအစိုးရ ရန်ပုံငွေကနေ ထောက်ပံ့မယ့် စုစုပေါင်းငွေကြေးဟာ သြစတြေးလျဒေါ်လာ ၁ ဒသမ ၈ ဘီလီယံအထိ ရှိလာမယ်လို့ သြစတြေးလျ ဝန်ကြီးချုပ် မယ်လ်ကွန်း တန်းဘူးက ဖော့ဘ်စ်မြို့ကို ရောက်ရှိချိန် ပြောကြားလိုက်တာပါ။ ဒီရန်ပုံငွေထဲကနေ မိုးခေါင်မှုဒဏ်ခံရတဲ့ ဒေသတွေမှာ အခြေခံအဆောက်အအုံ ဆောက်ဖို့၊ အတိုးနည်းချေးငွေ သြစတြေးလျဒေါ်လာ ၂ သန်းအထိ ထောက်ပံ့ဖို့နဲ့ စိုက်ပျိုးမွေးမြူရေးသမားတွေ ဝယ်ယူမယ့် ပစ္စည်းကိရိယာတချို့အတွက် အခွန်မကောက်ဖို့ အသုံးပြုသွားမှာပါ။ ဒြါ့ပင် စိုက်ပျိုးမွေးမြူရေးသမားတွေကို ရာသီဥတု လမ်းညွှန်ချက် ကောင်းကောင်းပေးနိုင်ဖို့ သြစတြေးလျ မိုးလေဝသဗျူရိုကို ထောက်ပံ့ပေးမှာလည်း ဖြစ်ပါတယ်။ မိုးခေါင်မှုကြောင့် သြစတြေးလျနိုင်ငံမှာ အချိန်အခါမဟုတ် တောမီးတွေ လောင်ကျွမ်းနေပါတယ်။ သြစတြေးလျ မိုးလေဝသဌာနကတော့ ရာသီဥတုခြောက်သွေ့မှု ဆက်ရှိနေဦးမယ်လို့ ခန့်မှန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up