မန်ယူက ဘရိုက်တန်ကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)

မြို့ခံပြိုင်ဘက် မန်စီးတီးအသင်း ဂိုးပြတ်အောင်ပွဲခံခဲ့တာကြောင့် အဝေးကွင်းမှာ ဘရိုက်တန်အသင်းကို အနိုင်ရဖို့ ကြိုးပမ်းခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းဟာ အမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရပါတယ်။ ပွဲကစားချိန် ၂၅ မိနစ်နဲ့ ၂၇ မိနစ်တို့မှာ သွင်းယူခဲ့တဲ့ မာရေး၊ ဒပ်ဖီတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ဘရိုက်တန်အသင်းက စောစောစီးစီး ဦးဆောင်ထားခဲ့ပေမယ့် ပွဲချိန် ၃၄ မိနစ်မှာတော့ လူကာကူက ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ ပွဲကစားချိန် ၄၄ မိနစ်မှာတော့ ဘရိုက်တန်တို့ ဦးဆောင်ဂိုး ထပ်ရခဲ့ပြီး ဂရော့စ်က ပယ်နယ်တီကနေတဆင့် သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းအရောက်မှာ မန်ယူ ချေပဂိုးတွေရရှိရေး ကြိုးပမ်းခဲ့ပေမယ့် ထင်သလောက် ခြေစွမ်းကောင်းခဲ့ခြင်း မရှိပါဘူး။ မိနစ် ၉၀ အရောက်မှာတော့ ပေါ့ဂ်ဘာရဲ့ ပယ်နယ်တီချေပဂိုး ရရှိခဲ့ပေမယ့် ပွဲအပြီး ၃ ဂိုး၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒီပွဲမှာ ခြေစွမ်းပိုင်းသက်သေပြဖို့ အခွင့်အရေးရခဲ့တဲ့ မာရှယ်ကတော့ အရန်ခုံကို ပြန်သွားတာနဲ့ အသင်းကနေထွက်ခွာဖို့ နှစ်လမ်းသာရှိတော့တယ်လို့လည်း သုံးသပ်နေကြပါတယ်။ အခုရလဒ်ကြောင့် မန်ချက်စတာယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ဘရိုက်တန်အသင်းနဲ့ အထက်အောက် ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up