အင်ဒိုနီးရှားတွင် ပြင်းအား ၆ ဒသမ ၃ အဆင့်ရှိ ငလျင်လှုပ်ခတ်

အင်ဒိုနီးရှားနိုင်ငံ၊ လွန်ဘော့ကျွန်းမှာ ပြင်းအား ၆ ဒသမ ၃ မဂ္ဂနီကျု့ရှိတဲ့ ငလျင်တစ်ခု ဒီနေ့ ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒ လေ့လာရေးအဖွဲ့ (USGS)ကပြောပါတယ်။ ငလျင်ဟာ မြေအောက် ၄ ဒသမ ၉ မိုင်အနက်မှာ လှုပ်ခတ်ခဲ့တာပါ။ အဆောက်အအုံတွေထဲကနေ ထွက်ပြေးခဲ့ရတဲ့ ဒေသခံတွေကတော့ ငလျင်ကြောင့် အရာအားလုံး လှုပ်ရမ်းခဲ့ပြီး ငလျင်လှုပ်ချိန် မီးတွေပြတ်တောက်သွားတယ်လို့ပြောပါတယ်။ ဒီနေ့တနေ့တည်းမှာပဲ ဖီဂျီကမ်းလွန် ပစိဖိတ်သမုဒ္ဒရာထဲကို ဗဟိုပြုတဲ့ ပြင်းအား ၈ ဒသမ ၂ မဂ္ဂနီကျု့ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့ပါတယ်။ ငလျင်ဟာ ဖီဂျီနဲ့တွန်ဂါကနေ မိုင် ၂ဝဝ အကွာ ပစိဖိတ်သမုဒ္ဒရာရဲ့မြေအောက် ကီလိုမီတာ ၅၆ဝ ကို ဗဟိုပြုပြီး လှုပ်ခဲ့တာလို့ အမေရိကန်ဘူမိဗေဒလေ့လာရေးအဖွဲ့က ပြောပါတယ်။ ငလျင်ဟာ အားပြင်းပေမယ် ဆူနာမီလှိုင်း ဖြစ်နိုင်တဲ့အန္တရာယ်မရှိဘူးလို့ ပစိဖိတ် ငလျင်လေ့လာရေးစင်တာက ပြောထားပါတယ်။ ဒီငလျင်ကြောင် ထိခိုက်သေဆုံးမှုရှိ မရှိကိုလည်း မသိရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up