အရည်အသွေးမမီသည့် ကာကွယ်ဆေး ထုတ်လုပ်မှု တရုတ်အရာရှိ ၆ ဦး ထုတ်ပယ်ခံရ

တရုတ်နိုင်ငံမှာ အရည်အသွေးမပြည့်မီတဲ့ ကြက်ညှာ၊ ချောင်းဆိုး၊ ဆုံဆို့နာဆေး (DPT)ကာကွယ်ဆေး ထုတ်လုပ်မှု အရှုပ်တော်ပုံနဲ့ပတ်သက်ပြီး တရုတ်အရာရှိ ၆ ဦး ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။ ချန်ချွင်းချန်ရှန်း Life Sciences Limited ကုမ္ပဏီက ထုတ်တဲ့ DPT ကာကွယ်ဆေး ထုတ်လုပ်မှု ၂ ကြိမ်မှာ  စံအရည်အသွေး မမီတာကို တရုတ်တာဝန်ရှိသူတွေက စစ်ဆေးတွေ့ရှိခဲ့ပြီး နောက်ပိုင်း အခုလို အရေးယူမှု ထွက်ပေါ်လာတာပါ။ ရာထူးကနေ အထုတ်ခံလိုက်ရသူတဲ့အရာရှိတွေထဲက ၅ ဦးဟာ တရုတ် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(CFDA)က ဖြစ်ပြီး တဦးဟာ ဈေးကွက်လုပ်ထုံး လုပ်နည်းဆိုင်ရာ နိုင်ငံတော်အဆင့် ကွပ်ကဲရေးအဖွဲ့ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ နောက်အရာရှိတဦးဟာ အမျိုးသားအစားအသောက် ဆေးဝါးထိန်းချုပ်ရေး အင်စတီကျု့က ဒုတိယမဟာဌာနမှူး ဖြစ်ပါတယ်။ ဒါ့ပြင် ဆေးတွေထုတ်လုပ်မှုမှာ တင်းကြပ်တဲ့ကြီးကြပ် စောင့်ကြည့်မှုတွေလုပ်ဖို့ တာဝန်ဝတ္တရား တမင်ပျက်ကွက်ခဲ့မှုနဲ့ တခြားအရာရှိတွေကိုလည်း အရေးယူထားတယ်လို့ တရုတ် FDA ရဲ့က သတင်းထုတ် ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up