အိန္ဒိယတွင် ရေကြီးမှုကြောင့် သေဆုံးသူ ၃၂၄ ဦးရှိပြီ၊ လူ ၂ သန်းကျော် ပြောင်းရွှေ့ရ

Rescuers evacuate people from a flooded area to a safer place in Aluva in the southern state of Kerala, India, August 18, 2018. REUTERS/Sivaram V
အိန္ဒိယနိုင်ငံ  ကဲရာလာပြည်နယ်မှာ ရေကြီးမှုကြောင့် သေဆုံးသူ ၃၂၄ ဦး ရှိသွားပြီလို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင်  လူ နှစ်သန်းကျော်ဟာလည်း ကယ်ဆယ်ရေး စခန်းတွေမှာ ပြောင်းရွှေ့ နေထိုင်နေရပါတယ်။ ဒါ့အပြင် အိန္ဒိယလေတပ် ရဟတ်ယာဉ်တွေဟာ ရေကြီးရာဒေသတွေမှာ ရိက္ခာပစ္စည်းတွေ လိုက်လံချပေးနေပါတယ်။ သြဂုတ်လ ၁၇ ရက်နေ့က ဝန်ကြီးချုပ် မိုဒီဟာ ရေကြီးရာဒေသတွေကို သွားရောက်ခဲ့ပြီး ရဟတ်ယာဉ်တွေ၊ လှေတွေ ပိုမိုအသုံးပြုကာ ကယ်ဆယ်ရေး တိုးမြှင့်ဆောင်ရွက်ပေးမယ်လို့ ကတိပြုပြောကြားခဲ့ပါတယ်။ ရေကြီးမှုကြောင့် အိုးအိမ် ၂၆,ဝဝဝ ထိခိုက်ပျက်စီးခဲ့ရပြီး ဟက်တာ ၄ဝ,ဝဝဝ ခန့်ရှိတဲ့ ကောက်ပဲ သီးနှံတွေ ပျက်စီးခဲ့ရပါတယ်။ ဒီအတွက် ခန့်မှန်းဆုံးရှုံးမှု တန်ဖိုး ရူပီး  ၂၇၇ ဘီလျံ လောက် ရှိတယ်လို့ ပြည်နယ် ဝန်ကြီးချုပ် အကြံပေးတဦးက ပြောခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up